Love born with you 23

585 108 6
                                    

Love born with you

Part(23)

(Zawgyi)

"ကိုကို..ရောက်ပြီလေ..."

ကြောင်ပေါက်လေးရဲ့စကားကြောင့် သူကားကိုဘေးကိုကပ်လိုက်ပြီး ရပ်လိုက်သည်..။

"ကိုကို..အပြန်လာကြိုမယ်နော်.."

"ဟုတ်..ကိုကို.."

"ဒါဆိုညီမလေးအထဲဝင်တော့မယ်.."

"အင်း.."

ညီမလေးတို့က စာမေးပွဲပြီးသွားပြီမို့လို့..သူငယ်ချင်းတွေစုပြီး..ပျော်ပွဲစားအသေးလေးလုပ်ရန် လူစုနေခြင်းပင်..။

ဒီနေရာကို..Singtoလည်းလာမယ်လို့ပြောတယ်..သူကတော့ Singtoကိုတွေ့ပြီးမှ ပြန်ချင်ပေမဲ့..သူငယ်ချင်းတွေနဲ့လွတ်လွပ်လပ်လပ်တွေ့စေချင်တဲ့စိတ်က ပိုများနေသည်..။

"ဟော..Sing..ရောက်ပြီလား.."

ကြောင်ပေါက်လေးရဲ့အသံကြောင့် သူသက်ပြင်းချလိုက်သည်..သူအခုချိန်Singtoကိုသာတွေ့လိုက်ရရင်..သူ့ခြေလှမ်းတွေက အိမ်ပြန်ချင်တော့မှာမဟုတ်လောက်တော့..။

"P'Kit.."

"အင်း..Sing.."

သူ့ကိုပြုံးပြလာတဲ့ Singကိုသာ သူပြန်ပြုံးရလိုက်ရသည်..။

"အထဲမ၀င်တော့ဘူးလား.."

"ကိုယ်.."

"ကိုကိုက..အလုပ်ရှိသေးလို့တဲ့.."

ဝင်ပြောလာသည့် ကြောင်ပေါက်လေးကြောင့် သူစကားကိုရပ်လိုက်သည်..သူခဏလောက်လိုက်ဝင်သွားလည်း ရလောက်မလား..။

Singtoကိုကြည့်တော့ သူနည်းတူပင်..သူလည်း ကိုယ့်ကို ခဏလေးတွေ့ရတာကိုကျေနပ်ပုံမပေါ်..။

"အင်း..ခဏလိုက်ခဲ့မယ်လေ.."

"ဝိုး..တစ်ကယ်ကြီးလား..ကိုကိုကလေ.."

ပျော်မြူးသွားသည့် ညီမလေးကိုကြည့်ပြီး သူရယ်လိုက်၏..ပြီးတော့ ဘေးကလူကိုလည်းကြည့်လိုက်တော့ ရယ်ပြုံးပြုံးနဲ့မို့ ပိုပြီးသဘောကျရပြန်သည်..။

"P'Kit..ဟိုးနားမှာကားရပ်လို့ရတယ်..ကျတော်တို့ ဒီမှာစောင့်နေမယ်နော်.."

Love born with you (Z/U)Where stories live. Discover now