Love born with you
Part(40)
(Zawgyi)
Singto..နာရီနိုးစက်ကြောင့် မျက်လုံးဖွင့်လိုက်သည်...သူ့ရဲ့နိုးစက်ကို ၆ခွဲကို ပေးထားသည်..သူပြင်ဆင်အပြီး ၇နာရီက ပုံမှန်ပင်..ပြီးတာနှင့် ချစ်ရသူဆီကို သွားပြီးသွားစောင့်ကာ ရုံးကို လိုက်ပို့ပေးရမည်..။
ညဘက် ဘယ်လောက်ပဲ အိပ်ချိန်နောက်ကျပါစေ သူ့ရဲ့ချစ်ရသူအတွက်တော့ သူပုံမှန်ပင် အကြိုအပို့လုပ်ပေးဖြစ်သည်..။
တီ...
သူ အခန်းအပြင်က ထွက်ကာနီး မြည်သွားသည့် ဖုန်းကြောင့် သူဖုန်းကို ကြည့်လိုက်သည်..ဒါက Katရဲ့ ဖုန်းနံပတ်ပင်...။
[Singto..ငါ နင့်ကို အသိပေးချင်လို့..နောက်တစ်ပတ်လောက်ထဲ Porက ကိုကိုနဲ့ P'Mayကို စေ့စပ်ပေးတော့မယ်..P'Mayကို..ကိုကို့ဘက်က ရိုးသားပေမဲ့ P'Mayက ကိုကို့ကို တစ်ဖက်သတ်သဘောကျနေတာ..ဒီလိုစေ့စပ်ပွဲကို P'Mayဘက်ကငြင်းမှာမဟုတ်ဘူး..Porတို့ကလည်း ကိုကိုနဲ့ P'Mayက တွဲသွားတွဲလာရှိနေတော့ သဘောကျနေကြတယ်ထင်နေတာ..
ငါ ကိုကို့ကို အဲ့ကိစ္စမပြောရသေးဘူး..ကိုကိုလည်းမသိသေးဘူး..ငါနင့်ကို အရင်ပြောပြတာ..နင်က ငါ့ရဲ့သူငယ်ချင်းဖြစ်ပြီး ကိုကိုနဲ့လည်း အခက်ခဲတွေကို အတူရင်ဆိုင်နိုင်ပြီထင်လို့..ငါနင့်ကို ယုံကြည်ချင်တယ် Singto..ကိုကို့ ကိုလည်းပျော်ရွှင်စေချင်တယ်..ဒါပေမဲ့ ငါနင့်ကိုစိတ်ဆိုးနေလို့ဖုန်းနဲ့တော့မပြောနိုင်ဘူး..ဒီတစ်ခါသာ နင် ကိုကို့ လက်ကိုမတွဲနိုင်ရင် ငါကိုယ်တိုင်နင့်ကိုသတ်မယ်..]စာတစ်ကြောင်းတိုင်းက Singtoရဲ့ အသက်ရှုသံကို လေးကန်စေတယ်...။
သူချက်ခြင်းပဲ Katကို ကျေးဇူးတင်ကြောင်းပြန်ပို့လိုက်ပြီး ကားပေါ်တတ်ကာ ချစ်ရသူဆီသာ လာရန် ကားစက်နိုးလိုက်သည်...။
တစ်ကယ်လည်း Mayက Kitနှင့် အနီးဆုံးမှာရှိနေခဲ့သည်မဟုတ်လား..သူကိုယ်တိုင်လည်း ချစ်ရသူကို ယုံကြည်ပေမဲ့ တစ်ဖက်ကိုတော့ မယုံ..။
ဒါကြောင့်ပဲ ဘန်ကောက်ကိုပြန်လာဖို့ သူအတော်ကြိုးစားခဲ့ရသည်..ရှိသမျှအလုပ်တွေအကုန်လုံး အပြတ်ဖြတ်ပြီး စာချုပ်တွေကိုပါ အဆုံးသတ်ကာ ချစ်ရသူဆီပြန်လာခဲ့သည်..ဒါတွေကြောင့် ဒါတွေကြောင့်ပဲ ။