Love born with you
Part(7)
(Zawgyi)
Singto..ညကျရင် သူငယ်ချင်းတွေနှင့် ချိန်းထားသည်..FiatကောKatကောလာမည်..Kat..ဆိုသည့် သူငယ်ချင်းမလေးက သူ့ကို ခင်တွယ်သည်..ပြီးတော့ Katကလည်း Kristဆိုသည့် အေးစက်ကာအကျောတင်းသည့်လူ၏ညီမ..။
"Katရဲ့စိတ်ကိုသာမြင်အောင်ကြည့်တဲ့.."လွန်ခဲ့တဲ့ရက်တွေက သူ ပြောခဲ့သည့်စကားတွေ..။
Singto..သူစကားတွေကို နားလည်သည်..ဒါပေမဲ့ Katကို သူငယ်ချင်းထက်ပိုလို့မရ..ဒါကိုလည်း Katက သိသည်..မသိတာက ထိုလူ..ဘာလို့ ဒီအသက်ရွယ်ရောက်သည့်အထိ လူတစ်ယောက်ရဲ့ အရိပ်ကဲကိုမသိရတာလဲ..။
"Singto..."
"ဟော..မင်းတို့လာပြီလား..."
သူငယ်ချင်းတစ်စုရဲ့ တတ်တတ်ကြွကြွနှုတ်ဆက်မှုနှင့်အတူ နွေးထွေးသည့်အပြုံးတွေက သူ့ကို အားဖြစ်စေသည်..။
"မင်း..ဘယ်အချိန် စဆိုရမှာလဲ.."
"၁၀နာရီလောက်မှ.."
"အော်.."
"Kat..နင် တတ်ကြွနေပါလား.."
"အင်း..ငါ ဒီလိုနေရာကို ပထမဆုံးရောက်ဖူးတာ..အာ..ငါပြန်ရင် P'offကို တွေ့သွားရမယ်..."
"P'off..လူတစ်ယောက်နဲ့တွေ့စရာရှိလို့ ပြီးတာနဲ့ တန်းပြန်မယ်လို့ကြားတယ်.."
"ဘယ်သူလဲ..Fiat..ကိုကိုနဲ့လား.."
ကိုကိုဆိုတဲ့အသံကြားတော့ သူ စိတ်ဝင်စားသွားမိသည်..။
"အင်း..ဟုတ်လိမ့်မယ်..ငါတို့ လေ့ကျင့်နေတုန်း ကြားတာတော့ P'Krist နဲ့ချိန်းထားတယ်ဆိုလားပဲ.."
"အော်.."
"Sing..မင်းလေ့ကျင်အုန်းမှာမဟုတ်လား.."
"အော်..အင်း..အင်း.."
အတွေးတွေက တောင်ရောက်လိုက် မြောက်ရောက်လိုက်..အမည်နာမလေး တစ်ခုကပင် သူ့အတွေးတွေကို ယောက်ယက်ခက်စေသည်..။
"ဟာ..ကိုကို.."
Singto ..Katရဲ့အပြောကြောင့် မျက်လုံးဝေ့ကာ ကြည့်လိုက်သည်..တွေ့လိုက်ရသည့် ခပ်တည်တည်ပုံစံလေးကပဲ သူ့ရင်ကို အေးသွားစေသည်..တစ်ဖက်က လူကိုစကားပြောနေသည့် ထိုလူက ပုံမှန်ထက်ပိုနေသလို...။