Part - 2

27K 3.2K 123
                                    

Unicode

မှတ်ချက် (၁) : ပြောလိုက်စမ်းပါ! ဒါက ဘယ်လိုမျိုးလဲဆိုတာကို!

မှတ်ချက် (၂) : အေးလေ အေးလေ လာလိုက်စမ်း လာလိုက်စမ်း အခုက ငါတို့တွေရဲ့အောင်ပွဲပဲ ဘာ... ငါတို့ ခွန်းက ရှိန်းစစ်မာန်ကို သစ္စာဖောက်တယ် ဟုတ်စ။

မှတ်ချက် (၃) : ကြားနေဆိုပေမဲ့ ဒါက Moment ထုတ်တာအသိသာကြီးပဲမဟုတ်ဘူးလား။

မှတ်ချက် (၄) : ငါက တခြား fandom ကပါ ဒါပေမဲ့ အသစ်လေးတွေ နင်တို့က အရမ်းအော မနေဘူး လား။ ဒီလိုဖြစ်ရင် Moment ရောင်းတာ အသိသာကြီးပဲ။

မှတ်ချက် (၅) : အေးလေ... အခုမှဖြင့် ဒီမှာစပြီး သဘောၤခုတ်မောင်းလို့ရတာကို အရမ်းအောနေလိုက်။

မှတ်ချက် (၆) : အားတော့နာပေမဲ့ အပေါ်က စဆရက အစ်မကြီးများရေ... ဒီမှာကြည့်လို့ရတယ်... သူတို့အတူတူ ဆင်းပြီး ဟိုဘက်ဒီဘက်တက်သွားတာ... ဒါက အိမ်နီးတယ်ဆိုတဲ့ သက်သေပဲမဟုတ်ဘူးလား

မှတ်ချက် (၇) : အမလေး အောတယ်တောင်ဖြစ်ရသေး...

မှတ်ချက် (၈) : ဒီမှာ ရှိန်းစစ်မာန်က ခေါ်လာတာနော်! ငါတို့ကလေးက လိုက်လာရတာ! စီနီယာဖြစ်ပြီး ငါတို့ကလေးကို သူက အသားယူနေတာလည်း ဖြစ်နိုင်တာပဲ!

မှတ်ချက် (၉) : လင့်! လင့်! ဒီမှာ ရိုက်ကူးရေး Official Page က ရိုက်ကွင်းဗွီဒီယို တစ်ခုတင်ထားတယ် ယောင်းမတို့... ငါတို့ရဲ့ ခွန်းလေးကို ရှိန်းစစ်မာန်က ယုယနေလိုက်တာ! ဟေ့ နင်တု့ိ Idol အရင်ကွေးတာနော်!

မှတ်ချက်(၁၀): သောက်စကားမများနဲ့ ပေးအဲ့လင့်! ငါဝင်ကြည့်မယ်! ငါတို့ရှိန်းကိုများပြောရဲသေးတယ်! ဘယ်သူက ကွေးနေတဲ့ရုပ်နဲ့လဲ! ငါတို့ရဲ့ခန့်ညားတဲ့ရှိန်းက ကွေးစရာလား!

မှတ်ချက် (၁၁) : ခန့်ခန့်ကြီးနဲ့ကွေးတဲ့သူတွေလည်း တပုံကြီးပဲကို အပြောမကြီးဘဲ အရင်ဆုံး သွားကြည့်လိုက်ပါဦး အပေါ်က အစ်မရေ...

ပရိတ်သတ်များအကြားရန်ပွဲဖြစ်မှုသည် အမြဲလိုလိုပင်။ ဒါကလည်း ဖြစ်လေ့ဖြစ်ထရှိသည့် ရန်ပွဲများ အနက်တစ်ခုပေ။ မြူနှင်းမိုးသည် သူမတို့ကြံရွယ်ကာ ထုတ်လိုက်သည့် ရှိန်းစစ်မာန်နှင့်စဝ်ခွန်းစ အိမ်အတူ ပြန်ကြသည်ဟူသည့် ဓာတ်ပုံအောက်မှ Comment များကိုကြည့်ပြီးနောက် Video အတိုလေးတစ်ခုကို သူမတို့ ဇာတ်လမ်းလွှင့်သည့် Official Page မှ ထပ်တင်လိုက်လေသည်။ ထို Video အတိုလေးသည် သူမကိုယ်တိုင် ရိုက်ကွင်းသို့ လိုက်စဉ်အခါက ရိုက်ခဲ့သည့် Video လေးဖြစ်ပေ၏။

I love you First! [Own Creation]Where stories live. Discover now