Part - 19

14.1K 1.8K 46
                                    

Unicode

ထိုသို့ဖြင့် ရှိန်းစစ်မာန်သည် စဝ်ခွန်းစအိမ်တွင် နေဖြစ်ခဲ့လေ၏။ ရုတ်တရက်ကြီး ရောက်လာတာမို့ ရှိန်းစစ်မာန်တွင် အဝတ်ပိုမပါပေ။ စဝ်ခွန်းစသည် ရှိန်းစစ်မာန်ကို ကြည့်ကာ...

"မင်းနဲ့တော်မဲ့ အဝတ်ငါ့မှာမရှိဘူး..."

ဒါက ကြည့်ရုံနဲ့အသိသာကြီးပဲ မဟုတ်ဘူးလား? သူတို့ရဲ့ ခန္ဓာကိုယ်အရွယ်အစားက ကွာခြားတာ ကြောင့် ဘီဒိုကိုမွှေနှောက်ပြီးမှ ခုလိုပြောစရာတော့ မလိုပါဘူး။

"ငါတို့ အပြင်ခဏထွက်ကြမလား..."

စဝ်ခွန်းစသည် အချိန်ကိုကြည့်သည်။ ဒီအချိန်လောက်ဆိုရင်တော့ စတိုးအသေးလေးတွေတော့ ဖွင့်ဦး မှာပေါ့။ ရှိန်းစစ်မာန်တစ်ညလောက်ဝတ်ဖို့အတွက် သူတို့ဝယ်လို့မရစရာတော့ မရှိပါဘူး။

"အင်း ဘယ်တတ်နိုင်မလဲ..."

စဝ်ခွန်းစသည် အဝတ်များရောင်းသည့် စတိုးဆိုင်လေးအတွင်းသို့ မျက်နှာလေးအောက်ချကာ ဝင်သွား လေသည်။ Mask တပ်ထားသည်မို့ သူ ဘယ်သူလဲဆိုသည်ကို တော်တော်တန်တန်မသိနိုင်။ ရှိန်းစစ်မာန် ကိုတော့ ကားပေါ်တွင်သာ သူ နေခဲ့စေသည်။ ရှိန်းစစ်မာန်က တိုင်းသိပြည်သိမင်းသားပေမို့ သူတို့နှစ်ဦးကို အတူတွဲမြင်လိုက်သည်နှင့် ပရိတ်သတ်များအကြားတွင် သတင်းသည် ဟိုးလေးတကြော်ကြော် ဖြစ်သွားပေ လိမ့်ဦးမည်။

"ဘာလိုချင်လို့လဲ..."

စဝ်ခွန်းစသည် အားကစားဝတ်စုံရောင်းသည့်အတန်းဘက်သို့ သွားလေ၏။

"အကြီးဆုံးတွေပဲ ပေးပါ..."

လက်ညှိုးထိုးကာ သူ ပြောသည်။

"ဟုတ်ကဲ့..."

အရောင်းစာရေးမလေးသည် မည်သည့်မေးခွန်းမှ မမေးဘဲ ဆိုဒ်အကြီးဆုံးများကိုသာ ရွေးထုတ်ပေး လိုက်သည်။ ကောင်တာတွင် ငွေရှင်းရန်ပြင်နေရင်းမှ စဝ်ခွန်းစသည် မှန်ကန်ထဲတွင် ထည့်ထားသည့် အတွင်းခံ ဘောင်းဘီဘူးများထံရောက်သွား၏။ ဘယ်လိုပဲဖြစ်ဖြစ် လဲလှယ်ဖို့လိုသည်မို့ စဝ်ခွန်းစသည် အတွင်းခံ ဘောင်းဘီဘူးကို လက်ညှိုးထိုးကာ...

I love you First! [Own Creation]Where stories live. Discover now