Part - 9

15.1K 2K 23
                                    

Unicode

မှတ်ချက် (၁) : ဘာလဲ! တကယ်မနမ်းဘူးမလား! ဒီကိစ္စရှင်းစမ်းပါဦး!!!

မှတ်ချက် (၂) : ဘာလဲ! ဘာလဲ! မကြိုက်ဘူးနော်!!! သွား...

အပိုင်းသစ်ထုတ်လွှင့်ပြီးချိန်တွင်ဖြစ်သည်။ မင်းဆုမြတ်ဆိုသည့် ဇာတ်ကောင်လေးမှ ထွဋ်တေဇဟူသည့် ဇာတ်ကောင်လေးကို ချစ်ရေးဆိုသည့်အချိန်တွင်ဖြစ်သည်။ အနမ်းခန်းသည် ပါဝင်သော်လည်း မျက်နှာချင်း ပူးကပ်သွားတော့မည့်အချိန်တွင် ဒန်တန့်တန့်... OST သီချင်းကြီးသည် ဝင်ချလာ၏။

ဝတ္ထုဖတ်ထားသည့် ပရိတ်သတ်တို့မှာ သွေးပွက်ပွက်အန်ကုန်တော့သည်။ စဝ်ခွန်းစနဲ့ရှိန်းစစ်မာန်က နမ်းတော့မယ်လို့ ထင်နေတာ!!! ဘာလဲ!! ဝတ္ထုမှာ fluff ထားတာကို ဘာလို့ဖြတ်ပြပစ်လိုက်တာတုန်း! သွား! မကျေနပ်ဘူး!!!

မှတ်ချက် (၁၀) : ဘာတွေလာပြောနေတာလဲ? ငါတို့ကိုကိုက လုံးဝလုံးဝ အနမ်းခန်းတွေမရိုက်ဘူး!

မှတ်ချက် (၁၁) : အေးလေ ပြောလိုက်စမ်းပါ! ငါတို့ ကိုကိုရဲ့ အနမ်းကိုရဖို့က အဲ့လောက်များ လွယ်မယ် ထင်နေတာလား!

မှတ်ချက် (၁၂) : ဒီမယ် အပေါ်ကအစ်မ... အစ်မတို့ကရှိန်းစစ်မာန်တစ်မျက်နှာနဲ့ ကြည့်တာဆိုပေမဲ့ BL အကြောင်းမသိဘူးမလား! အနမ်းခန်းတွေ ရိုက်တာမရိုက်တာ ပြောစရာမလိုဘူး Professional ဆန်လေ! ဇာတ်ညွှန်းကို သူ ကြိုက်သလို ပြောင်းပေးစရာလား!

မှတ်ချက် (၁၃) : ပြောလိုက်! Professional မဆန်လိုက်တာ!

မှတ်ချက် (၁၄) : Official Page! ငါ့မျှော်လင့်ချက်ကို ရိုက်ချိုးထားတာ! နင် င့ါကို တစ်ခုခု ပြန်စီစဉ် ပေးလိုက်တော့!

မှတ်ချက် (၁၅) : လုပ်စမ်းပါ! နင့်ရဲ့ Behind the scene တွေနဲ့ Moment နဲ့ ဂျင်းပြန်ထည့်တဲ့ အကွက်တွေ ငါတို့စောင့်နေတယ်!

မှတ်ချက် (၁၆) : နင့်အကွက်တွေရိုးနေပြီ! ထုတ်သုံးလိုက်စမ်း! ဒီအကွက်ပဲ! ငါ သွားရေယိုဖို့ စောင့်နေ တယ်!

မှတ်ချက် (၁၇) : လုပ်စမ်း! ဘယ်မှာလဲ! သူတို့ကမ်းခြေမှာ ရိုမဲ့ပုံ!

ရိုက်ကူးရေးနှင့်Queen Page အကြောင်းသိနေပြီမို့ အထာနပ်စွာဖြင့် သူတို့သည် တောင်းဆိုနေ ခဲ့ကြသည်။ သူတို့တောင်းဆိုပြီး နာရီပိုင်းတွင် သူတို့ဆဲဆိုနေသည့် Official Page သည် စဝ်ခွန်းစနှင့် ရှိန်းစစ်မာန်ပုံများကို တင်ပြန်လေ၏။

I love you First! [Own Creation]Where stories live. Discover now