Unicode
ရိုက်ကွင်းတစ်ခုလုံးသည် တိတ်ဆိတ်နေခဲ့၏။ ရှိန်းစစ်မာန်၏ မျက်နှာသည် ယခင်အတိုင်းတည်တင်း နေသည်က မှန်သော်လည်း သူ့ခန္ဓာကိုယ်က 'ငါ စိတ်မကြည်' ဆိုသည့် အငွေ့အသက်တို့ကို အရှိန်ပြင်းပြင်း ထုတ်လွှတ်နေခဲ့သည်။
"ကိုရှိန်းစစ်မာန်..."
မန်နေဂျာဖြစ်သူ လင်းထက်သည်ပင် ရှိန်းစစ်မာန်အနီးသို့ ခပ်ရွံ့ရွံ့ဖြင့် ကပ်သွားရ၏။ မည်သူတစ်ယောက်မျှ ရှိန်းစစ်မာန်ကို စကားမပြောရဲ။ အကုန်လုံးသည် ခေါင်းကိုငုံ့၍သာ ကိုယ်လုပ်ရမည့်အလုပ်ကို ခပ်သွက်သွက် လုပ်နေခဲ့ကြသည်။ အကယ်ဒမီဆုများရှင် အစ်ကိုကြီး၏ တိတ်ဆိတ်နေမှုက အသက်ရှူကြပ်ဖွယ် ပတ်ဝန်းကျင် ကို ဖန်တီးနေခဲ့၏။ ဘယ်သူက ဒီအစ်ကိုကြီးကို ပြဿနာရှာလိုက်တာလဲ။
ထိုအချိန်တွင် ရိုက်ကွင်းအဝမှ ကောင်လေးတစ်ယောက် ဝင်လာလေ၏။ ထိုကောင်လေး၏ အနောက် တွင်တော့ ကော်ဖီခွက်များနှင့်မုန့်အိတ်ကိုင်လာသည့် အမျိုးသားတစ်ယောက်။ ကောင်လေးသည် စဝ်ခွန်းစဖြစ် သည်။ ရိုက်ကွင်းဝန်ထမ်းများ၏ အကြည့်များက ထိုကောင်လေးထံရောက်သွားသည်မို့ ရှိန်းစစ်မာန်သည်လည်း ထိုကောင်လေးကို လှည့်ကြည့်ဖြစ်၏။ ထိုကောင်လေးက သူ့ကို မြင်ချိန်တွင် ပြုံးပြလာကာ...
"ဆောရီး ဒီနေ့လမ်းပိတ်နေလို့ ငါ တမင်နောက်ကျတာမဟုတ်ပါဘူး..."
ရှိန်းစစ်မာန် ဘေးခုံတွင်ထိုင်ကာ ထိုကောင်လေးသည် ဆိုခဲ့သည်။ ရှိန်းစစ်မာန်၏ မျက်နှာသည် ခပ်ပြေပြေဖြစ်သွား၏။
မှတ်တမ်းတင်သည့် သူက မှတ်တမ်းတင်မပြတ်။ ရှိန်းစစ်မာန်က တစ်လျှောက်လုံး စိတ်မကြည်ဖြစ် နေရာကနေ စဝ်ခွန်းစလည်းရောက်ရော ချက်ချင်းကို မျက်နှာနေပွင့်သွားတယ် ဆိုတဲ့ Moment က ယနေ့ည Official Page တွင်တက်ရမည့် သတင်းမဟုတ်ပါလား။
"မင်းနောက်ကျလို့ ငါ စိတ်မကြည်နေတာမဟုတ်ဘူး..."
မင်းမြတ်မှရိုက်ကူးရေးအဖွဲ့ဝင်များကို ကော်ဖီနှင့်မုန့်လိုက်ပေးသည်ကို လင်းထက်သည်လည်း သွားကူနေ လိုက်သည်။ ဖြစ်နိုင်ရင် စိတ်အခြေအနေမကောင်းတဲ့ သူ့ရဲ့ ဘော့စ်နားမှာ မနေချင်ပါဘူး။
ŞİMDİ OKUDUĞUN
I love you First! [Own Creation]
RomantizmCommission Novel! Two Actors, take part in BL Series and their life entangle because of that. Romance, comedy genre. Story by : Sky & AnnaLynn