Part - 17

14.3K 1.7K 24
                                    

Unicode

အပိုင်း - ၁၇

မှတ်ချက် (၁) : မြူနှင်းမိုးက... စဝ်ခွန်းစကို ထိုးကျွေးလိုက်တာလား?

မှတ်ချက် (၂) : ဒါ ဘယ်လို Entertainment လဲ! မျက်နှာကြီးရာ ဟင်းဖတ်ပါတာလား!

မှတ်ချက် (၃) : ထုတ်လွှင့်မှု ရပ်လိုက်တော့! ကိုယ့်အနုပညာရှင်ကို မကာကွယ်တဲ့သူက ငါတို့ဆီက အမြတ်ထုတ်ချင်ရုံသက်သက်ပဲ!

မှတ်ချက် (၄) : ဒါက သူတို့တစ်ခုခုဖုံးထားချင်နေတယ်လို့ ငါထင်တယ်...

မှတ်ချက် (၅) : ရှိန်းစစ်မာန်ရဲ့ပုံပျောက်အောင် လုပ်တာ အသိသာကြီးပဲကို...

မှတ်ချက် (၆) : ဟဟဟ အသစ်တွေက အဲ့လိုပဲ ချနင်းခံရမှာလား...

မှတ်ချက် (၇) : #StopBroadcastingBelovedHyung

မှတ်ချက် (၈) : #ShutdownQueenEntertainment

မှတ်ချက် (၉) : ဟေး... တစ်ထွာလောက်ပဲ ရှိတဲ့လူစုလေး... ဟိုက Rating ပြန်တက်လာပြီနော်...

စဝ်ခွန်းစ၏ ပရိတ်သတ်များသည် လူမှုကွန်ယက်တွင် ကောင်းကောင်းကြီး အရိုက်ခံနေရသလိုပင်။ ရှိန်းစစ်မာန်ကို Queen မှ ကာကွယ်လိုက်သည်နှင့် ရှိန်းစစ်မာန်၏ ပရိတ်သတ်များက Rating ပြန်တက်အောင် ပြုလုပ်ပေးကြ၏။ စဝ်ခွန်းစ၏ ပရိတ်သတ်များကတော့ အံတကြိတ်ကြိတ်ဖြင့်။ ရှိန်းစစ်မာန်ကို ကာကွယ်လိုက် ခြင်းဖြင့် ရှိန်းစစ်မာန်နှင့်သက်ဆိုင်သည့် အဆက်အသွယ်များက ရှိန်းစစ်မာန်၏ မျက်နှာဖြင့် ထိုရုပ်ရှင်ကို အောင်မြင်အောင် ပြုလုပ်ပေးကြသည်။

မျက်နှာကြီးရာဟင်းဖတ်ပါဆိုသည့် စကားက တကယ်တော့လည်း မမှားပါဘူး။

မှတ်ချက် (၁၀) : Queen! ဘာလို့ငါတို့ကလေးကို အခုလိုလုပ်လဲကို သေချာပြော! တစ်ခုခု နင်ဖြေရှင်း ပေး!

မှတ်ချက် (၁၁) : နောက်ခံမရှိတဲ့အနုပညာရှင်တွေက ဒီလိုပဲ...

မှတ်ချက် (၁၂) : သြော်... ကံဆိုးရှာတာပေါ့ ဒီကောင်လေးက...

တစ်ယောက်တစ်ပေါက် မှတ်ချက်များသည် လူမှုကွန်ယက်တွင်။ မည်မျှပင် စဝ်ခွန်းစ၏ ပရိတ်သတ် များက သူတို့၏ မင်းသားငယ်လေးအတွက် မျှတမှုကို တောင်းခံနေပါစေ သူတို့မင်းသားလေး အပါအဝင် အရာရာသည် ငြိမ်နေကြဆဲပင်။

I love you First! [Own Creation]Where stories live. Discover now