Part - 18

14.3K 1.8K 37
                                    

Unicode
အချိန်သည် တစ်ပတ်မပြည့်နိုင်သေး။ ခုနစ်ရက်ဆိုသည့် အရာသည် ဒီအတိုင်းနေနေလျှင်သာ ဘာမှမဟုတ်တာ။ နေ့စဉ်ရက်ဆက်အပြောခံအဆဲခံ ပင်ပန်းဆင်းရဲ ခံနေရသည့် သူများအတွက်တော့ ရှည်ကြာ လွန်းသည်။

စဝ်ခွန်းစအတွက်လည်း ထိုခုနစ်ရက်သည် ရှည်ကြာလွန်းသည်။ ရှည်ကြာလွန်းရသည့် အကြောင်းမှာ တော့...

"အား ပျင်းလိုက်တာ..."

ဧည့်ခန်းကော်ဇောပေါ်တွင် ဆန့်ဆန့်ကြီးလဲှနေပြီး မျက်နှာကျက်ကို ကြည့်ကာ သူ ရေရွတ်သည်။ သူ့ဘေးတွင်တော့ မုန့်ထုတ်ခွံများ။ အရှေ့တွင် TV စင် ရှိပြီး၊ TV စင်ရှိ TV တွင် သူတို့နှစ်ဦး ဇာတ်လမ်းတွဲ ထုတ်လွှင့်ထားသည်ကို ပြန်လည်ပြသနေပေသည်။

ဖန်သားပြင်ထဲမှ သူ့အသံကို ကြားလာချိန်တွင် စဝ်ခွန်းစသည် ခေါင်းလေးထောင်လာလေ၏။ ဝိုး... ဒါ သရုပ်ဆောင်နေတာပဲ။

TV ထဲရှိသူသည် ခေါင်းစိမ်းကိုယ်တော်လေးဖြစ်နေခဲ့ပြီး ရှိန်းစစ်မာန်နှင့်စကားပြောနေခဲ့သည်။ စဝ်ခွန်းစ သည် ပက်လက်လှဲနေရာမှ ထထိုင်လေ၏။ နံဘေးရှိ ကျန်နေသေးသည့် မုန့်ထုတ်ကို ဆွဲယူကာ လှမ်းနှိုက် သည်။ ပါးစပ်ထဲ အာလူးကြော်တစ်ချပ် ဝါးနေလိုက်ပြီးမှ...

"အာ ငါတော့ ဝလာတော့မှာပဲ..."

ထိုသို့ရေရွတ်ပြီးနောက် ဟက်ခနဲရယ်၏။ ပခုံးလေးတွန့်ကာ သူ ထပ်ရေရွတ်သည်။

"စားတာတွေ အကုန်လုံးက အရိုးထဲပဲရောက်တာကို ငါ မေ့သွားတာပဲ..."

စားသလောက်မဝသည့် ခန္ဓာကိုယ်ပိုင်ဆိုင်သူများထဲမှ တစ်ယောက်ဖြစ်သည်ကို သတိရသွားပြီးနောက် စဝ်ခွန်းစသည် စိတ်လွတ်လက်လွတ်သာ ဆက်စားနေလိုက်ပြီး ရုပ်သံမှပြန်လွှင့်နေသည့် သူ့ဇာတ်လမ်းတွဲကို ကြည့်နေလိုက်သည်။

ဒါကြောင့်ပဲ သူတို့တိုက်ခိုက်ခံရတာပဲ...။

စဝ်ခွန်းစသည် အေးအေးဆေးဆေးတွေး၏။ သူတို့က ပြိုင်ဘက်တွေမလုပ်နိုင်သေးတဲ့ အရာတစ်ခုကို လုပ်လိုက်တာကြောင့်...။

စဝ်ခွန်းစသည် TV ကိုသာ ဆက်ကြည့်နေခဲ့သည်။

"အာ ငါ သရုပ်ဆောင်တာတွေက လိုနေသေးတာပဲ... ဒီမှာ နည်းနည်းတောင့်နေတယ်..."

I love you First! [Own Creation]Where stories live. Discover now