Part - 22

14K 1.6K 17
                                    

Unicode

ထိုညက ရှိန်းစစ်မာန်သည် သူ့အိမ်သို့ ပြန်ရောက်လာခဲ့သည်။ သူ့အိမ်သို့ ပြန်ရောက်ပြီးမကြာခင်တွင် ဂရေစ့်သည်လည်း သူ့တိုက်ခန်းဆီသို့ ရောက်လာခဲ့၏။

"ဂရေစ့်..."

"နင် င့ါကို စိတ်ဆိုးသွားတာလား?"

ဂရေစ့်မေးခွန်းကို မဖြေဘဲ သူ အကြည့်သာလွှဲထားလိုက်သည်။

"အိမ်ထဲကိုတောင် ပေးမဝင်ချင်ဘူးပေါ့..."

"ငါတို့ အပြင်မှာပဲ စကားပြောရအောင် ယောကျာ်းလေးတစ်ယောက်တည်းရှိတဲ့ အိမ်မှာ မိန်းကလေးတစ်ယောက် ရှိမနေသင့်ဘူး..."

ပြောပြီးသည်နှင့် အပေါ်ဝတ်ပင်ကောက်မထည့်ဘဲ ကားသော့ယူကာ ရှိန်းစစ်မာန်သည် ထွက်လာခဲ့လိုက်သည်။ ဂရေစ့်သည် ရှိန်းစစ်မာန်အနောက်မှ လိုက်ပါသွားခဲ့၏။ ကားကိုကမ်းနားလမ်းတစ်ခုဆီသို့ ရှိန်းစစ်မာန် မောင်းချသွားလိုက်သည်။ သူ ကားကို ရပ်မှ ဂရေစ့်သည် သူ့ကို ကြည့်လာ၏။

"ငါ့ကိုယ်ငါ နင့်ဇနီးလောင်းလို့ မိတ်ဆက်တာကို နင် စိတ်ဆိုးနေတာလား..."

"မင်းနဲ့ငါ စေ့စပ်ကြမှာမဟုတ်ဘူး ဂရေစ့်..."

"ဘာလို့လဲ... ငါတို့အဆင်ပြေနေတာပဲမဟုတ်ဘူးလား... နင့်မှာ အရင်းနှီးဆုံးက ငါပဲရှိတာလေ... ဘာတွေများ ရှိနေသေးလို့လဲ..."

"မဟုတ်ဘူး... ငါ သဘောကျတဲ့သူရှိတယ် ဂရေစ့်..."

ဂရေစ့်၏ မျက်နှာတွင် အံ့အားသင့်မှုတို့ ပြည့်နှက်သွားခဲ့သည်။

"အပြင်က လူတွေပြောသလို နင်..."

"ငါ ဘယ်သူ့ကို သဘောကျတယ်မကျဘူးဆိုတာက အရေးမပါပါဘူး... ငါ သဘောကျတဲ့လူမဟုတ်ဘဲ လက်မတွဲချင်ဘူး ဂရေစ့် တစ်ဘဝလုံး လက်တွဲဖို့ဆိုတာ သဘောကျမှုနဲ့အချစ်မပါရင် အဆင်ပြေမှာမဟုတ်ဘူး... ငါ တောင်းပန်ပါတယ် နင့်အိမ်ကိုပဲ နင်ပြန်လိုက်ပါလား မေမေနဲ့ပတ်သက်ပြီး အကုန်လုံး ငါဖြေရှင်းပေးပါ့မယ်..."

"ဒါပေမဲ့ ငါ နင့်ကို ချစ်တယ်လေ... ငါ နင့်ကိုချစ်တာကြောင့် အဆင်ပြေသွားမှာပဲကို..."

"ငါ့မှာ ချစ်တဲ့လူမရှိဘူးဆိုရင် ဒီနည်းလမ်းက အဆင်ပြေလိမ့်မယ် ဂရေစ့်..."

I love you First! [Own Creation]Where stories live. Discover now