Part - 23 (Ending)

24.1K 1.9K 17
                                    

Unicode

ဇာတ်ညွှန်းများ ဖတ်နေရင်းမှ ရှိန်းစစ်မာန်သည် သူ့ကို ကြည့်လာ၏။ စဝ်ခွန်းစသည် ဘာလဲဆိုသည့် ပုံမျိုးဖြင့် ပြန်ကြည့်ဖြစ်ခဲ့သည်။ ရှိန်းစစ်မာန်သည် သူ့အနားသို့ လျှောက်လာပြီး...

"ဒါပြီးရင် ဘောစ့်က ငါတို့ကို ညစာကျွေးမယ်ပြောနေတယ်..."

"အင်း..."

"ငါက သူ တစ်ခုခုအကြံအစည်ရှိနေတယ်လို့ပဲ ထင်နေတယ်..."

ရှိန်းစစ်မာန်သည် သိပ်မကျေနပ်သည့် အသံမျိုးဖြင့် ပြောလေ၏။ စဝ်ခွန်းစသည် ပြုံး၍သာ ကြည့်ဖြစ် ခဲ့သည်။ စဝ်ခွန်းစက သူ့စကားနှင့်ပတ်သက်ပြီး အရေးတယူ မရှိသည်မို့ ရှိန်းစစ်မာန်သည် တစ်ဖက်သို့ လှည့်ကာ ရိုက်ကွင်းစမည့် အချိန်ကို စောင့်နေလိုက်တော့သည်။

သူတို့၏ အပြန်အလှန်ကာကွယ်မှုအပြီးတွင်တော့ စဝ်ခွန်းစနှင့်သူ့အကြားရှိ ပြဿနာများသည် အတော်လေး ရှင်းလင်းသွားခဲ့ပြီ။ ထိုသို့ ရှင်းလင်းသွားပြီးချိန်တွင်တော့ သူတို့သည် အတူတွဲ၍ အပြင်သို့ ထွက်လာနိုင်ပြီ။ ထို့ကြောင့် သူတို့၏ ရိုက်ကွင်းသည်လည်း ပြန်စလာကာ ယခုတော့ နောက်ဆုံးပိုင်း ရိုက်ကူးသည့် အချိန်သို့ ရောက်လာတော့၏။

"Fan တွေပြောတာက တကယ်တော့မှန်တယ်..."

ရှိန်းစစ်မာန်သည် သူ့ဘာသာ ဇာတ်ညွှန်းဖတ်နေသည့် စဝ်ခွန်းစနားကပ်ကာ ထပ်ပြောပြန်၏။

"ဘာကိုလဲ..."

သူ စကားမပြောမချင်း တစ်ခုပြီးတစ်ခု ပြောလာတော့မည့် ရှိန်းစစ်မာန်ကို စဝ်ခွန်းစသည် စကား ထောက်ပေးလိုက်တော့၏။

ပြောလိုက်တော့ မင်းပြောချင်နေတာကို ပြောလိုက်တော့... စကားများနေချင်တာမလား... ငါ့ကို ဇာတ်ညွှန်းမဖတ်ဘဲ မင်းကို အဖော်လုပ်စေချင်နေတာမလား... ဆုတွေရထားတဲ့ ဒီမင်းသားက တကယ်တော့ အရမ်းအပါးခိုတတ် တယ်ဆိုတာကို ငါ ဘယ်လိုမျိုး သူ့ Fan တွေကို ပြောရင် ကောင်းမလဲ။

စဝ်ခွန်းစသည် တွေးသည်။ ရှိန်းစစ်မာန်သည် ကိုယ့်အတွေးနှင့်ကိုယ် ပြုံးနေသည့် စဝ်ခွန်းစကို ကြည့်ကာ...

I love you First! [Own Creation]Where stories live. Discover now