Part - 7

16.6K 2.2K 53
                                    

Unicode

သူတို့နှစ်ဦး၏ မျက်နှာသည် တစ်ယောက်နှင့်တစ်ယောက် ထိလုနီးပါး တိုးကပ်သွားကြ၏။ ဝတ္ထုအတိုင်း ဆိုလျှင်တော့ ရှည်ကြာသည့်အနမ်းဖြစ်သော်လည်း ဆင်ဆာကိုကျော်ဖြတ်နိုင်ရန်အတွက် ဇာတ်လမ်းတွဲအဖြစ် ပြန်လည်ဖန်တီးရာတွင် ဖြတ်ခနဲနမ်းလိုက်သည့် ပုံစံမျိုးလောက်ဖြင့်ပင် အသက်သွင်းခဲ့သည်။

"Cut! ရပြီ!"

ဒါရိုက်တာ၏ အသံထွက်လာသည်နှင့် စဝ်ခွန်းစသည် ချက်ချင်းလူချင်းခွာ၏။ ရှိန်းစစ်မာန်သည် စိတ်နှင့် လူနှင့်မကပ်သည့်မျက်နှာမျိုးဖြင့် မိမိထိုင်ရမည့် ခုံနေရာသို့လျှောက်သွားလေသည်။ နောက် scene တစ်ခုက သူတို့နှစ်ဦးလုံး မပါဝင်သေး။

မြူနှင်းမိုးသည်လည်း ညရိုက်ကွင်းသို့ လိုက်လာသည်မို့ ရှိန်းစစ်မာန်၊ စဝ်ခွန်းစတို့ အနီးတွင် သူမလည်း ထိုင်ခဲ့သည်။

သူတို့နှစ်ဦးရောက်သည့်အချိန်တွင် မြူနှင်းမိုးသည် သူတို့နှစ်ဦးကို မကျေလည်သည့် မျက်နှာမျိုးဖြင့် ကြည့်နေခဲ့၏။

"ဇာတ်ညွှန်းသမားကို ပြော..."

စဝ်ခွန်းစသည် မြူနှင်းမိုး၏ အတွေးကိုနားလည်နေသည်မို့ ခပ်အေးအေးသာ ပြောလေသည်။ မြူနှင်းမိုး သည် အသံမထွက်ဘဲ စဝ်ခွန်းစကို မျက်စောင်းကြီးကြီးသာ ထိုးလေတော့၏။

"ဒါပေမဲ့လည်း တကယ်နမ်းလိုက်တာမဟုတ်ဘူး..."

ရှိန်းစစ်မာန်သည် ကလေးဆန်စွာ ပြုမူနေသည့် မြူနှင်းမိုးကို ပြုံး၍သာ ကြည့်နေခဲ့သည်။

"ရှိန်းစစ်မာန်က တကယ်နမ်းနိုင်တယ်မဟုတ်လား..."

မြူနှင်းမိုးသည် ရှိန်းစစ်မာန်ဘက်လှည့်၍မေး၏။

"ရှိန်းစစ်မာန်က Kiss Scene မရိုက်ဘူးလေ..."

သူ မဖြေခင် စဝ်ခွန်းစ ဝင်၍ဖြေ၏။ ရှိန်းစစ်မာန်သည် အတိတ်တုန်းက သူ့ကိုယ်သူကိုသာ ပြေးရိုက်ချင်နေတော့၏။ Kiss Scene မရိုက်ဘူး! ဘာလို့ သူဟာ Kiss Scene မရိုက်ခဲ့တာလဲ! တကယ်လို့ ရိုက်ခဲ့ရင် အခုဆိုရင် အိုကေနေပြီ!

"ရပါတယ်..."

ရှိန်းစစ်မာန်သည် ပြောင်ပြောင်တင်းတင်းသာ ပြန်ဖြေလေ၏။ စဝ်ခွန်းစကို မသိမသာမျက်လုံးစွေ ကြည့်၍...

I love you First! [Own Creation]Where stories live. Discover now