Part - 14

14.5K 1.8K 11
                                    

Unicode

ရှိန်းစစ်မာန်၏ အိမ်သည် အရမ်းကြီးထူးခြားမနေ။ ရှင်းရှင်းလင်းလင်းဖြင့် ပြည့်စုံသည့် ပရိဘောဂများ ဖြင့်သာ ဖြစ်သည်။ ဧည့်ခန်းတွင် သူ ရဖူးသည့် ဆုများနှင့် ဓာတ်ပုံများရှိနေ၏။ စဝ်ခွန်းစသည် ဓာတ်ပုံများ လိုက်ကြည့်နေရင်းမှ...

"သြော်... မင်းက ကရာတေးကစားတာလား?"

ရွှေတံဆိပ်ဆုချိတ်ဆွဲထားသည့် ရှိန်းစစ်မာန်ပုံကိုကြည့်၍ စဝ်ခွန်းစမေးတော့ ရှိန်းစစ်မာန်သည် ခေါင်းညိတ်ကာ...

"အင်း ငါက စိတ်ဝင်စားစရာတွေ လိုက်လုပ်ရတာသဘောကျတယ်..."

ရှိန်းစစ်မာန်သည် ငယ်စဉ်က စာတော်ပုံလည်းရသည်။ ကလေးဘဝတုန်းက ကျောင်းတက်နေစဉ်တွင် ဆုရထားသည့် ဓာတ်ပုံများကို စဝ်ခွန်းစသည် ကြည့်ကာ ပြုံး၏။

"မင်းက ငယ်ငယ်တုန်းကတည်းက အခုလိုရုပ်မျိုးပဲ..."

"ဘယ်လိုရုပ်လဲ?"

"မျက်နှာသေကြီးနဲ့လေ... တလောကလုံးက ငါ့လောက်မတော်ပါဘူးဆိုတဲ့ ရုပ်နဲ့..."

စဝ်ခွန်းစသည် ရယ်၍ ပြောလေ၏။ ရှိန်းစစ်မာန် မျက်နှာတွင် အနည်းငယ်ထူးဆန်းသည့် ပုံမျိုး ဖြစ်သွားကာ...

"မင်းကိုတွေ့တွေ့ချင်းတုန်းက ငါ အဲ့လိုမျိုးကြည့်မိတာလား..."

စဝ်ခွန်းစသည် တစ်ချက်တုံ့သွား၏။ ပြန်မဖြေသည့် စဝ်ခွန်းစကို ကြည့်ကာ ရှိန်းစစ်မာန်သည် အားနာ စွာဖြင့်...

"ဒါကြောင့် အစပိုင်းတုန်းက ငါ့ကိုမင်း နည်းနည်းလေးမှ သဘောမကျတာကိုး... ဆောရီး ငါ မရည်ရွယ် ခဲ့ပါဘူး... အမြဲတမ်း လူတွေရှေ့ဆို အဲ့လိုမျက်နှာမျိုး မဖြစ်အောင် ကြိုးစားပေမဲ့... ငါ သတိမထားလိုက်မိဘူး ထင်တယ်..."

"ဖြစ်တတ်ပါတယ်... အရမ်းလည်း စဉ်းစားမနေပါနဲ့ ပြီးခဲ့တာတွေကလည်း ပြီးခဲ့ပြီပဲကို..."

စဝ်ခွန်းစသည် ပေါ့ပေါ့ပါးပါးသာ ပြန်ပြောလေသည်။ ရှိန်းစစ်မာန်သည် အားနာနေသေးသည့် အသံ မျိုးဖြင့်...

"ငါ တကယ်မရည်ရွယ်ပါဘူး..."

"သရုပ်ဆောင်လုပ်ရတာက မင်းဘဝမှာ စိတ်ဝင်စားဖို့အကောင်းဆုံးလား..."

I love you First! [Own Creation]Where stories live. Discover now