Part - 16

14.5K 1.8K 13
                                    

Unicode

"အစ်ကိုရှိန်းစစ်မာန်..."

လင်းထက်သည် ရှိန်းစစ်မာန်ကို သေချာစူးစိုက်ကြည့်သည်။ ပြီးမှ

"အစ်ကို သူ့ကိုဘယ်လောက်ထိ စိတ်ထဲထည့်လည်း ကျွန်တော်နားလည်ပါတယ်... ဒါပေမဲ့... အင်တာဗျူးမှာတော့ သတိထားပြီးဖြေစေချင်တယ်... သူတို့ကြိုပေးထားတဲ့မေးခွန်းတိုင်းတော့ သူ မေးမှာမဟုတ်ဘူးလေ..."

"အင်း..."

ရှိန်းစစ်မာန်သည် စိတ်ပင်ပန်းစွာဖြင့်သာ ခေါင်းညိတ်လေသည်။ သူ့အပြုအမူတိုင်းဟာ သူ့ကိုမထိ။ စဝ်ခွန်းစကိုသာ သွားသွားထိကြသည်။ တကယ်ဆိုရင် လုပ်သည်က သူဖြစ်ပြီး ဘာကြောင့် စဝ်ခွန်းစကချည်း အပြစ်ဖြစ်ဖြစ်သွားရတာလဲ။ နောက်ပြီးပြီးခဲ့သည့်နေ့က...

------

မုန်တိုင်းသည် နံနက်စောစောစီးစီးပင် ရောက်လာခဲ့သည်။ ရှိန်းစစ်မာန်သည် အိမ်ဝတွင် ရပ်နေသူကို အံ့အားသင့်စွာကြည့်၏။ မိခင်... မိခင်ဟာ ဘာကြောင့် သူ့အိမ်ကိုရောက်လာခဲ့ရတာလဲ?

"ရှိန်းစစ်မာန် မင်းကိုငါ အိမ်ပြန်လာဖို့ပြောထားတယ်မဟုတ်လား..."

သူ့ကိုမြင်သည်နှင့် ဒေါသထွက်လာသည့် မိခင်ကို ရှိန်းစစ်မာန်စိတ်ထဲတွင် မနှစ်မြို့။ ဘာကြောင့် မိခင်ဟာ သူ့လွတ်လပ်ပိုင်ခွင့်ကို ချုပ်နှောင်ချင်ရတာလဲ။

"မင်းက အိမ်တောင်ပြန်မလာဘဲနဲ့..."

"ရှိန်းစစ်မာန်... ဘယ်သူမို့..."

အိမ်တံခါးသွားဖွင့်နေတာကြာနေသည့် သူ့နောက်သို့ စဝ်ခွန်းစတစ်ယောက် လိုက်လာတော့သည်။ ပြဿနာသည် ပို၍ဆိုးလာတော့၏။ မိခင်ဖြစ်သူ၏ မျက်နှာတွင် စက်ဆုတ်ခြင်းတို့ဖြင့် ပြည့်နှက်သွားခဲ့သည်။

"သြော် သူတို့တွေပြောကြတဲ့အတိုင်း မင်းတို့က..."

"အထဲဝင်ပါဦး မေမေ..."

တံခါးဝတွင် အကျယ်အကျယ်မဖြစ်လိုသည်မို့ ရှိန်းစစ်မာန်သည် မိခင်ဖြစ်သူကို အိမ်ထဲသို့ ခေါ်လာလိုက်တော့၏။ မိခင်ဖြစ်သူ အိမ်ထဲဝင်လာချိန်တွင် စဝ်ခွန်းစတစ်ယောက် တံခါးဝတွင် မယောင်မလည်ရပ်နေသည့် စဝ်ခွန်းစကိုကြည့်ကာ ရှိန်းစစ်မာန်သည်

I love you First! [Own Creation]Where stories live. Discover now