Part - 4

22.3K 2.5K 69
                                    

Unicode

"ခဏလေး ဧည့်ခန်းမှာ ထိုင်နေလိုက် ငါ ရေသွားယူဦးမယ်... ညဘက် ကော်ဖီသောက်ပြီးရင် အိပ်ပျော်လား..."

အိမ်ထဲဝင်ပြီးသည်နှင့်ဖိနပ်ချွတ်ကာ ဧည့်ခန်းတွင် သူ့ကိုထိုင်ရန် ပြောပြီး မီးဖိုခန်းထဲဝင်သွားသည့် စဝ်ခွန်းစကို ရှိန်းစစ်မာန်ပြန်ပြောသည်။

"သောက်လို့ရတယ်..."

စဝ်ခွန်းစ၏အိမ်သည် သပ်ရပ်ရှင်းလင်းသည်။ စဝ်ခွန်းစဟူသည့် ကောင်ကလေးနေသည့် အိမ်ဟု ပြော၍ ရလောက်သည့် ရိုးရှင်းသော်လည်း ထည်ဝါသည့်သိပ်သည်းမှုဖြင့် ရှိနေသည့် အိမ်ခန်းငယ်လေး ဖြစ်၏။

"အင်း အဲ့ဒါဆို ကော်ဖီဖျော်လာလိုက်မယ်... ငါတို့ စကားပြောကြရဦးမှာဆိုတော့..."

စဝ်ခွန်းစသည် အခုကျတော့လည်း သူ့ကို ကောင်းကောင်းဧည့်ခံနေပြန်သည်။ ကားပေါ်တွင် သူနှင့် ခပ်တန်းတန်းနေခဲ့သည်က သူ မဟုတ်သည့်အတိုင်းပင်။ စဝ်ခွန်းစ၏ အိမ်သို့သူ ဘာကြောင့်လိုက်လာခဲ့တာလဲ...

----

သူ့အတွေးတို့ကကားမောင်းနေသည့်အချိန်သို့ ပြန်ရောက်သွားခဲ့သည်။

လမ်းတစ်လျှောက်လုံးတွင် သူတို့သည် တိတ်ဆိတ်နေခဲ့ကြ၏။ ရှိန်းစစ်မာန်က ကားလမ်းတွင်ပဲ အာရုံစိုက်နေခဲ့သလို စဝ်ခွန်းစသည်လည်း ဖုန်းမှ Comment များဖတ်ခြင်းဖြင့် အချိန်ဖြုန်းနေခဲ့သည်။

ဘာကြောင့်စကားမပြောဘဲ နေရတာက မွန်းကြပ်တယ်လို့ ခံစားရတာလဲ? ရှိန်းစစ်မာန်သည် သူ့ကိုယ်သူ နားမလည်နိုင်။ သူက စကားအများကြီးပြောရတာကို သဘောကျတဲ့သူ မဟုတ်ဘူး။ ဒါပေမဲ့ စဝ်ခွန်းစ တိတ်နေတာကို သူ သဘောမကျဘူး။ တကယ်ကြီး သူ့ခေါင်းထဲမှာ ပရိတ်သတ်တွေ ပြောတာက စွဲနေတာပဲ။ မဟုတ်ရင် သူက စဝ်ခွန်းစကို စိတ်ထဲမှာ ဒီလိုကြီးရှိနေစရာမလိုဘူးမဟုတ်လား။

"ငါတို့ ဟိုတစ်နေ့ကတွေ့ခဲ့တဲ့ ဒါရိုက်တာ..."

ရှိန်းစစ်မာန်သည် ကားမောင်းရင်းဖြင့် စကားစသည်။ စဝ်ခွန်းစကို အခုလိုမျိုး စကားစရခြင်းက သူ့ကိုယ်သူ ရှုံးနိမ့်သည်ဟု ခံစားရသော်လည်း စကားမစဘဲလည်း သူ မနေနိုင်။

I love you First! [Own Creation]Where stories live. Discover now