Part - 10

16.1K 2.1K 56
                                    

Unicode

"အမ်... နင်တို့ ရန်ဖြစ်ထားကြတာလား..."

ငြိမ်သက်နေကြသည့် ကောင်စုတ်ကလေးနှစ်ယောက်ကို ကြည့်ကာ မြူနှင်းမိုးမေးခွန်းထုတ်သည်။ ဇာတ်ညွှန်းကိုယ်စီဖတ်ချင်ယောင်ဆောင်နေသည့် စဝ်ခွန်းစနှင့်ရှိန်းစစ်မာန်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီးနောက် မြူနှင်းမိုးကို ပြန်ကြည့်၏။

"ဘောစ့်အထင်လွဲနေတာ နေမှာပါ... ကျွန်တော်တို့က ရန်ဖြစ်စရာအကြောင်း ဘာရှိလို့လဲ..."

စဝ်ခွန်းစသည် ခပ်ပြုံးပြုံးသာ ပြောလေ၏။ ရှိန်းစစ်မာန်ကတော့ စဝ်ခွန်းစကို မျက်လုံးထောင့်ကပ် ကြည့်ရုံကလွဲပြီး အခြားတုံ့ပြန်ခြင်းမရှိ။

"ဒါပေမဲ့ နင်တို့ကြားထဲ တစ်ခုခုဖြစ်နေတယ်လို့ ခံစားနေရတယ်..."

"စိတ်ထင်နေတာပါ..."

စဝ်ခွန်းစသည် ထိုသို့သာ ပြော၏။ မြူနှင်းမိုးသည် မျက်လုံးများကိုမှေးကျဉ်းကာ အရှေ့မှကောင်လေး နှစ်ယောက်ကိုသာကြည့်သည်။ ရှိန်းစစ်မာန်မှ တစ်ခုခုပြောလာဖို့ သူမ မျှော်လင့်သော်လည်း ရှိန်းစစ်မာန်သည် မသိချင်ယောင်သာဆောင်နေခဲ့၏။

သူတို့ထိုညက စကားပြောပြီးကြသည့်အချိန်တွင် ရှိန်းစစ်မာန်နှင့်စဝ်ခွန်းစ အကြားတွင် ကွာဝေးမှု အနည်းငယ် ဖြစ်သွားခဲ့သည်။ ရှိန်းစစ်မာန်သည်စဝ်ခွန်းစကို သိပ်ပြီးထိတွေ့ခြင်းမရှိတော့။ သာမန်အတူတွဲ သရုပ်ဆောင်သည့် သူလိုသာ ဆက်ဆံနေတော့သည်။ ရုတ်ချည်းပြောင်းသွားသည့် အခြေအနေသည် လူမြင်ကွင်းတွင်ပါ ဖြစ်လာတော့၏။

စဝ်ခွန်းစသည် ဇာတ်ညွှန်းဖတ်နေရင်းမှ မျက်မှောင်ကြုတ်၏။ ဇာတ်ညွှန်းဖတ်နေရင်းမှ ရှိန်းစစ်မာန်ကို သူ ကြည့်သည်။ စဝ်ခွန်းစသည် ရှိန်းစစ်မာန်ကို...

"ငါတို့ခဏစကားပြောရအောင်..."

ရှိန်းစစ်မာန်သည် သူ့ကိုကြည့်၏။ စဝ်ခွန်းစသည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ...

"ငါ နားမလည်တာရှိလို့ ငါတို့ခဏလောက် သရုပ်ဆောင်ကြည့်လို့ရမလား..."

"အိုး... ငါ အဲ့ဒါဆို မနှောင့်ယှက်တော့ဘူး..."

မြူနှင်းမိုးသာ ဝင်ပြောပြီး ရှောင်ပေးရန်ထရပ်လေ၏။

I love you First! [Own Creation]Where stories live. Discover now