Part - 24 (Epilogue)

24.2K 1.9K 33
                                    

Unicode

မှတ်ချက် (၁) : ဒီကားက မဆိုးဘူးနော်... ပြည်တွင်းဇာတ်လမ်းတွဲဆိုပေမဲ့ ဇာတ်လမ်းလွှင့်ပြီးတာ နည်းနည်းကြာပြီဆိုပေမဲ့...

မှတ်ချက် (၂) : သူတို့နှစ်ယောက်က အတော်လိုက်တာ...

မှတ်ချက် (၃) : အာ... ဒါပေမဲ့ သူတို့က ဒီတစ်ကားပဲရိုက်တာ...

မှတ်ချက် (၄) : ဟဟ တစ်ယောက်က တက်သစ်စလေးမလား... ရှိန်းစစ်မာန်က ရှိနေသေးပေမဲ့ အသစ်ကလေးကတော့ ဒီတစ်ကားပဲရိုက်တာလေ... သူ့နာမည်ကဘာ...

မှတ်ချက် (၅) : စဝ်ခွန်းစ! စဝ်ခွန်းစ! ငါတို့ ကလေးနာမည်ကို နင်တို့ကမေ့ချင်နေ... ငါတို့က လွမ်းလို့ သေမလိုဖြစ်နေပါတယ်ဆို...

မှတ်ချက် (၆) : သြော် စိတ်မဆိုးပါနဲ့ အပေါ်က အစ်မရေ... သူက တစ်ကားပဲ ရိုက်တော့ Only stan မဟုတ်တဲ့ ငါတို့လည်း သတိဘယ်ထားမိပါ့မလဲ။

မှတ်ချက် (၇) : အခု အဲ့ဒီစဝ်ခွန်းစက Entertainment Company တစ်ခုထောင်ထားတာ...

မှတ်ချက် (၈) : ဟင်...

မှတ်ချက် (၉) : ပြီးတော့ သူ့ကုမ္ပဏီမှာ ကြယ်ပွင့်ကတစ်ယောက်ပဲရှိတာ...

သူတို့ပြောသည့် Entertainment Company တွင်...

"ရှိန်းစစ်မာန်! မင်းဘာလို့ ငါတို့စာချုပ်ချုပ်မဲ့ တစ်ယောက်ကို ထပ်ငြင်းလိုက်ရပြန်တာလဲ..."

သူ အခန်းထဲဝင်လာသည်နှင့် ဒေါသတကြီးအော်ဟစ်လာသည့် ကောင်လေးကြောင့် ရှိန်းစစ်မာန် ပြုံးသည်။

"ဘာလဲ မင်းပဲ ဒီ Company က အပျော်လုပ်တာဆို..."

"ဘယ်လောက်ပဲ အပျော်လုပ်လုပ် ဘယ် Entertainment Company က မင်းသားတစ်ယောက်တည်း ရှိလို့လဲ... ဝန်ထမ်းတွေ ခန့်ပြီး သူတို့ကို ငါက အလကားလစာပေးနေရမှာလား..."

ရှိန်းစစ်မာန်သည် သူ့ဘောစ့်ကို ဆွဲဆောင်မှုရှိလှသည့် အပြုံးဖြင့် ကြည့်၏။

"ဘောစ့်... ကျွန်တော့်လောက် ဘယ်သူက ချောလို့လဲ..."

ဘောစ့်ကောင်လေးမှာ ရုတ်တရက် ပြန်မပြောနိုင်။ ရှိန်းစစ်မာန်သည် စကားရှာမရသည်ကို အခွင့်ကောင်းယူကာ...

"အခု ဒီမှာနာမည်အကြီးဆုံးက ကျွန်တော်ပဲကို..."

သူ့ ဘောစ့်လေးသည် တစ်ဖက်သို့ အကြည့်လွှဲသွားလေတော့၏။ ရှိန်းစစ်မာန်တစ်ယောက် အကြည့်လွှဲ သွားသည့် ဘောစ့်လေးဆီသို့ လျှောက်သွားကာ...

I love you First! [Own Creation]Where stories live. Discover now