Part - 20

14.2K 1.7K 32
                                    

Unicode

"မင်း အခုလိုမျိုးတွေနေနေမယ်ဆိုရင် လုံးဝမကောင်းဘူး..."

အိပ်ယာနိုးနိုးချင်း ခေါင်းလေးကုတ်ပြီး ထွက်လာသည့် စဝ်ခွန်းစတစ်ယောက် မီးဖိုခန်းမှ သူ့ကိုလက်ပိုက် ကြည့်ကာ ခပ်တည်တည်နှင့်ပြောလာသည့် ရှိန်းစစ်မာန်ကြောင့် မျက်ခုံးပင့်သည်။ ဒီအစ်ကိုကြီးက ဘာဖြစ်ချင် နေတာတုန်း...။ ထိုသည်က သူ တွေးလိုက်မိသည့် ပထမဆုံးအတွေးပေ။

"မုန့်တွေပဲ စားနေ..."

"ငါ့မှာ တခြားလုပ်စရာမှ မရှိတာ..."

စဝ်ခွန်းစ၏ ပက်ခနဲပြန်ပြောမှုကြောင့် ရှိန်းစစ်မာန် ဘာဆက်ပြောရမှန်းမသိတော့ပေ။

"မင်း ကုမ္ပဏီကရော..."

"ငါက သူဌေးပဲကို..."

စဝ်ခွန်းစသည် ရှိန်းစစ်မာန်ကိုကြည့်၏။

"ငါ အလုပ်မလာရင် ဘယ်သူက င့ါကိုအလုပ်ဖြုတ်မှာလဲ?"

အဲ... ဒါလည်းဟုတ်တာပဲ...။ လစာက သူပဲပေးတာဆိုတော့ သူ့ကိုဘယ်သူက အလုပ်ဖြုတ်မှာလဲ။ စဝ်ခွန်းစပြောသည်က သူ့ဟာနှင့်သူ ဟုတ်နေသဖြင့် ရှိန်းစစ်မာန်ငြိမ်နေလိုက်သည်။

နံနက်စာအတူတူစားနေကြရင်းမှ ရှိန်းစစ်မာန်သည် စဝ်ခွန်းစကို ကြည့်၏။

စီးပွားရေးလောကတွင် စဝ်ခွန်းစသည် Mysterious Figure တစ်ခုဖြစ်သည်။ ခွန်းအုပ်စု၏ တစ်ဦးတည်း သော သားဖြစ်ပြီး အရည်အချင်းထက်မြက်သော်လည်း စဝ်ခွန်းစသည် ရှေ့သို့ထွက်လာခြင်း မရှိ။ မဂ္ဂဇင်းများ တွင် အင်တာဗျူးလက်ခံဖြေဆိုသော်လည်း သူ့အမည်ရင်းနှင့်ပုံကို ယူသုံးခွင့်မရှိ။ ခွန်းအုပ်စု၏ တစ်ဦးတည်း သောသားနှင့် ခွန်းအုပ်စုဆက်ခံသူအဖြစ်သာ သုံးနှုန်းခွင့်ရှိသည်။

ထိုသို့သော ကောင်ကလေးက ဘာကြောင့်များ အနုပညာလောကထဲသို့ ခြေစုံပစ်ဝင်လာရတာလဲ။ အတူတူရှိနေသည့် အချိန်တွင် လေ့လာကြည့်သလောက်တော့ ထိုကောင်လေးသည် သရုပ်ဆောင်ခြင်းနှင့် ပတ်သက်ပြီး ခုံမင်လွန်းခြင်းလည်းမရှိ။

"မင်းကိုယ်မင်း အာဟာရပြည့်အောင်စားဖို့လိုတယ်..."

ရှိန်းစစ်မာန်သည် ဟမ်းစတားကောင်လေးလို ပါးစောင်တွင်အစာအပြည့်သိပ်ပြီး ဝါးနေသည့် စဝ်ခွန်းစ ကို ကြည့်၏။ ဖောင်းနေတဲ့ပါးတွေကို သူ လက်ချောင်းထိပ်ဖြင့် သွားတို့လျှင် အကိုက်ခံရလောက်လား? ရှိန်းစစ်မာန်သည် ရူးကြောင်ကြောင် အတွေးတစ်ခုကို တွေးလေသည်။

I love you First! [Own Creation]Tempat cerita menjadi hidup. Temukan sekarang