Part - 15

14.7K 1.8K 10
                                    

Unicode

"မေမေ!"

နေစစ်မာန်တစ်ယောက် ခေါင်းကျိန်းနေတော့သည်။ ပြဿနာတစ်ခုပေါ်လာလို့ မပြီးသေး နောက်ထပ်ပြဿနာတစ်ခုသည် ထပ်၍ပေါ်လာပြန်သည်။ ဘယ်လိုကနေဘယ်လိုလုပ်ပြီးတော့ ရှိန်းစစ်မာန်က ဒီကောင်လေးကို အိမ်ခေါ်သွားတာလဲ။ မန်နေဂျာကောင်စုတ်လေးကို သူ သေချာသတိပေးထားလျက်နဲ့ကို။

"ရှိန်းစစ်မာန်က ရောက်ရောက်ချင်း မလာဘူးဆိုတာက ငါ့ကို အရေးမပါဘူးလို့ သူ ရှိုးပွဲတောင် သွားလိုက်သေးတဲ့အပြင် အခု ဒီကောင်လေးကိုတောင် အိမ်ခေါ်လိုက်သေးတယ် သူက ငါ့ကို သေလူလို့သတ်မှတ်ထားတာလား?"

ဒေါသတကြီးဖြစ်နေသည့် မိခင်ကို နေစစ်မာန် မည်သို့တားမြစ်ရမှန်းမသိတော့။ ဒီကောင်လေးကလည်း ဒီကောင်လေးပဲ။ ရိုက်ကွင်းက ပြန်ရောက်တာကပဲ ရက်နည်းနည်းကြာနေပြီ ဒါကို အခုချိန်ထိ အိမ်ကို ခေါ်ထားတာမလာသေးဘူး။ အကူအညီရမလားဟူ၍ ဖခင်ဖြစ်သူကို လှမ်းကြည့်သော်လည်း ဖခင်ဖြစ်သူမှာလည်း သူ့ကိုသာ ကြည့်နေခဲ့သည်။ နေစစ်မာန်သည် သက်ပြင်းသာရှိုက်၏။ သူရော၊ သူ့အဖေရောက မိခင်ကို နည်းနည်းလေးတောင် မနိုင်ကြပါလား။

"ကျွန်တော်! ကျွန်တော်ကိုယ်တိုင်သွားခေါ်လိုက်မယ်!"

ရှိန်းစစ်မာန်ဆီသို့ မိခင်ကိုယ်တိုင်မရောက်သွားရန်အတွက် တစ်ခုတည်းသော နည်းလမ်းက သူကိုယ်တိုင် မလိမ္မာသည့်ညီငယ်လေးရှေ့သို့ သွားရမည့်ကိစ္စပင်။

"မေမေ ကျွန်တော် ကိုယ်တိုင်သွားမယ်... သွားခေါ်လာမှာမို့ အရမ်းစိတ်မတိုပါနဲ့..."

မိခင်ဒေါ်သူဇာနဲ့ဒီညီငယ်ကို သူ ရန်ထပ်မဖြစ်စေချင်တော့ဘူး။ ရှိန်းစစ်မာန် သရုပ်ဆောင်လုပ်တာနဲ့ ပတ်သက်ပြီး မိခင်ဟာ ဘယ်လောက်ထိ ဒေါသူပုန်ထခဲ့လဲ? နှစ်ပေါင်းများစွာ စိတ်ဆိုးခဲ့လဲ ဆိုတာကို သူ ကောင်းကောင်းသိတာကြောင့် အခုချိန်မှာ သူတို့ကို ထပ်ရန်မဖြစ်စေချင်ဘူး။

"နေစစ်မာန်... ငါ အစောကတည်းက သူ့ကို ဒီအလုပ်မလုပ်ဖို့ တားခဲ့တယ်...အခု..."

"မေမေရယ်... ဒါက ရှိန်းရဲ့..."

သူတို့မိသားစုအသိုင်းအဝိုင်း၏ ကြီးမားမှုကြောင့် မိခင်သည် ရှိန်းစစ်မာန်ကို သရုပ်ဆောင်လုပ်ခြင်းကို မနှစ်မြို့။ သို့သော် ရှိန်းစစ်မာန်သည် ဘယ်ကဘယ်လို အနုပညာပိုးဝင်ခဲ့မှန်းမသိ ကလေးသရုပ်ဆောင်ကြော်ငြာတစ်ခုကို စတင်ရိုက်ကူးခဲ့သည်။ ထို့နောက် ထိုကောင်လေးသည် သရုပ်ဆောင်ဟူသည့် လမ်းကို ရွေးချယ်ခဲ့သည်။ နေစစ်မာန်သည် သက်ပြင်းသာ ရှိုက်၏။ စိတ်ကြီးနေသည့် မိခင်ဖြစ်သူကို ဧည့်ခန်းဆိုဖာဆက်တီတစ်ခုတွင် ထိုင်စေရင်း... ဖခင်ကိုမျက်ရိပ်လှမ်းပြ၏။

I love you First! [Own Creation]Where stories live. Discover now