🍀5🍀

1.3K 172 55
                                    

လန်ကျန့် - ကိုကို ထမင်းစားမယ်တဲ့။

ရှီးချန် - အင်း ကိုကို လာခဲ့မယ်။

လန်ကျန့် - ဟုတ်

ရှီးချန် အပေါက်ဝရောက်နေပြီ ဖြစ်တဲ့ ညီဖြစ်သူကို လှမ်းခေါ်လိုက်သည်။

ရှီးချန် - ၀မ့်ကျီး ခဏ

ဝမ့်ကျီး - ဟုတ်

ရှီးချန် - ဟိုလေ ကျန်းဝမ်ရင် ကလေ

လန်ကျန့် - ကျန်းချန် ဘာဖြစ်လို့လဲ။

ရှီးချန် - ဘာမှ မဟုတ်တော့ဘူး။ ထမင်းသွားစားကြစို့

ရှီးချန် အောက်ထပ်ကို အမြန်ဆင်းလာလိုက်သည်။ ထမင်းစားတော့လည်း မျက်လုံးထဲ ကျန်းချန် ရဲ့ ပုံရိပ်ကို မြင်ယောင်လာပြန်သည်။

ရှီးချန် - Shit!!

ရှီးချန် ရဲ့ ဆဲသံကြောင့်  လန်ချီရန် ရော လန်ကျန့်ပါ ရှီးချန် ကို ကြည့်လာကြသည်။ ဒါကို လန်ရှီးချန် သတိမမူဘဲ ပန်းကန်ထဲက ထမင်းတွေကိုသာ တူနဲ့ ထိုးဆွနေသည်။ နားထဲလည်း နေ့လည်က ကျန်းချန်ပြောလိုက်တဲ့ စကားတွေ ပြန်ကြားယောင်လာသည်။

ချီရန် - လန်ရှီးချန်!!!

ရှီးချန် - ငါ မင်းကို မချစ်ဘူး။ အယ် ဦးဦး

လွှတ်ခနဲ ထွက်သွားတဲ့ စကားအဆုံး သူ့ကို ခေါ်နေတာ ဦးဦးမှန်း သိလိုက်တော့ သွားပါပြီ လန်ရှီးချန် ဘ၀။

ရှီးချန် - အဟမ်း ဦးဦး ကျွန်တော် စားလို့ ပြီးသွားပြီ

ချီရန် - ရှီးချန် ဘာဖြစ်နေတာလဲ။ အခုချိန်ထိ မင်းပန်းကန်ထဲက ထမင်းတွေ တစ်စေ့တောင်မလျော့သေးဘူး။

အဲ့တော့မှ ကိုယ့်ထမင်းပန်းကန် ကို ပြန်ကြည့်မိတော့မှ

🍎တောက်စ်!! ကျန်းဝမ်ရင် အဲ့တာ မင်းကြောင့်🍎

ရှီးချန် - တောင်းပန်ပါတယ် ဦးဦး။

ချီရန် - နောက်တစ်ခါ မဖြစ်စေနဲ့။ နောက်တစ်ခါဆို ခြံထဲက ခွေးလှောင်အိမ်ထဲ အထည့်ခံရမယ်။

ခွေးလှောင်အိမ်ဆိုတဲ့ အသံ ကြားတာနဲ့ ရှီးချန် နဲ့ လန်ကျန့် ထမင်းကို အသည်းအသန် ငုံ့စားတော့သည်။ ခွေးလှောင်အိမ် ဆိုတဲ့ အသံကို မကြားချင်ဘူး။ ဦးဦး မရှိတဲ့ နေ့ အဲ့လှောင်အိမ် ကို မီးရှို့ပစ် အုံးမှ။



ဝေ့၀ူရှန့် ညစာစားပြီးနောက် ကျန်းအိမ်တော် ကို ထွက်လာလိုက်သည်။ ကျန်းအိမ်ရောက်တော့ ကျဲ က အလုပ်လုပ်နေတော့ ကျဲ ကို နှုတ်ဆက်ပြီး ကျန်းချန် ရှိရာ အခန်းကို တတ်လာလိုက်သည်။ နှစ်ယောက်သား ၀ရံတာ မှာ ထိုင်ပြီး စကားစမြည်ပြောကြရင်း

ချစ်သော ဗီလိန် {ချစ်သော ဗီလိန် }(Completed) {Zawgyi & Unicode}Where stories live. Discover now