🍀9🍀

1.2K 159 39
                                    

အားလုံးက ပုံမှန်အတိုင်းဘဲ သွားလာလှုပ်ရှားနေကြတာ။ ဒါပေမယ့် ပုံမှန် မဟုတ်တဲ့ ကျွန်တော်ရဲ့ ရင်ခုန်သံတွေက ၀ုန်းဒိုင်းကြဲ။

ကျန်းဝမ်ရင် ဆိုတဲ့ ကောင်လေး က ကျွန်တော့်ကို ချစ်တယ်တာ ပြောတာ ကျွန်တော့်ကို သိပ်ပြီး အဖက်တောင်မလုပ်ဘူး။ မဟုတ်ပါဘူး သူအဖက်မလုပ်တာနဲ့ ငါက ဘာဆိုင်လို့လဲ။

ရှီးချန် - ကျစ်!!

မင် - ဘာဖြစ်ပြန်တာလဲ။

ရှီးချန် - မင်ဂျွယ်

မင် - ပြော

ရှီးချန် - ကျန်းချန် က ငါ့ကို ချစ်တယ်သာပြောတာ ငါ့ကို အဖက်လည်း မလုပ်ဘူး။

မင် -  မင်းကရော သူ့ကို ချစ်လို့လား။

ရှီးချန် - မဟုတ်ဘူးလေ။ ငါ က သူ့Crush မလား။ သူများတွေလို အတင်းလည်း လိုက်မကပ်ဘူး။

မင် - အာတာ မကောင်းဘူးလား။

ရှီးချန် - ဘာကိုလဲ

မင် - တုံးတယ်လို့ ပြောရင် မကြိုက်ပြန်ပြီ။ ဒီလိုကွာ တစ်ချို့တွေဆို သူတို့ Crush ကို အတင်းလိုက်ကပ်တော့ Crush ခံရတဲ့ လူတွေ စိတ်ကျဉ်းကျပ်တယ်လေ။ အခု ကျန်းချန် က မင်းကို အဲ့လိုလိုက်မကပ်တော့ မင်း စိတ်မရှုပ်ရဘူးလေ။

မင်ဂျွယ် က ပြောပြီး အအေးထိုင်သောက်နေသည်။ ပြီးမှ တစ်ခုခု ကို သတိရသွားပြီး

မင် - မဟုတ်မှ မင်း ကျန်းချန် ဘက် စိတ်ယိုင်သွားတာတော့ မဟုတ်ဘူးမလား။

ရှီးချန် - ယိုင်...ယိုင်စရာလား။

အိုးမလုံ အုံပွင့်နေတဲ့ ရှီးချန် ကို မင်ဂျွယ် မှင်သေသေ နဲ့သာ ကြည့်ပေးလိုက်သည်။

ဆုန့်လန် - အား!! ရှင်းချန် နာတယ် လွှတ်

ရှင်းချန်  - မလွှတ်ဘူး ဖြစ်နိုင်ရင် မင်းကိုပါ သတ်ချင်တာ။

ကန်တင်းထဲ ကို ဆူညံဆူညံလုပ်ပြီး ၀င်လာတဲ့ ဆုန့်လန် နဲ့ ရှင်းချန်။ ရှင်းချန် က ဆုန့်လန် နားရွက်ကို လိမ်ဆွဲလျက်

မင် - အဲ့တာ ဘာဖြစ်လာတာလဲ။

ရှင်းချန် - ဘာဖြစ်ရမှာလဲ။ ဒီကောင်လေ ငါ့ညီမ အားချင်နဲ့ ချစ်သူဖြစ်နေကြတာ။

ချစ်သော ဗီလိန် {ချစ်သော ဗီလိန် }(Completed) {Zawgyi & Unicode}Where stories live. Discover now