မြူတွေအုံ့ဆိုင်းနေတဲ့ ဝါးတောကြီးထဲမှာ ကျန်းချန် တစ်ယောက်ယောင်လည်လည် နဲ့ လမ်းပျောက်လို့နေသည်။ ထိုအချိန် သူ့လက်ကို လာကိုင်တဲ့ လက်သေးသေးလေး တစ်ဖက်။ သူလှည့်ကြည့်လိုက်တော့ မျက်ရည်တွေ ၀ိုင်းစွာ နဲ့ သူ့ကို ကြည့်နေတဲ့ ကလေးလေး။ ထို ကလေးလေး ရှေ့ ဒူးတစ်ဖက်ထောက်ထိုင်ချလိုက်ပြီး
ကျန်းချန် - ကလေး မင်း လမ်းပျောက်နေတာလား။
ထိုကလေးက ဘာမှ မပြောဘဲ ကျွန်တော့်ကိုသာ ဆွေးဆွေးမြေ့မြေ့ ကြည့်နေသည်။
ကျန်းချန် - ဟေ့ ကလေးလေး
*ဘာလို့လဲ။ ဘာလို့ ကျွန်တော့်ကို မလိုချင်ရတာလဲ။*
ကျန်းချန် - ဟမ်!
ထိုကလေးပြောတာကို ကျွန်တော် နားမလည်။
ကျန်းချန် - ဘာတွေပြောနေတာလဲ။
*ကလေး လူဖြစ်အောင် မနည်းကြိုးစားခဲ့ရတာ။ ကျွန်တော့်ကို နွေးထွေးစွာ ကြိုမဲ့ မိဘကို အရမ်းလိုချင်ခဲ့တာ။ ကျွန်တော် လိမ်လိမ်မာမာ နေပါမယ်။ ကျွန်တော့်ကို မစွန့်ပစ်ပါနဲ့။*
ကျန်းချန် - မင်း..မင်းက
*ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော် ပါးတို့နဲ့ နေချင်တယ်။ ကျွန်တော့်ကို မစွန့်ပစ်ပါနဲ့။*
ကျန်းချန် မတ်တပ်ရပ်မိသွားသည်။ ပြီးတော့ သူ့လက်ကို ကိုင်ထားတဲ့ ကလေးလေး လက်ကို ဆွဲဖြုတ်ပြီး
ကျန်းချန် - မင်း လူမှားရွေးလိုက်တာဘဲ။ ငါ မင်းကို အလိုမရှိဘူး။
*အဲ့လိုမလုပ်ပါနဲ့။*
ကျန်းချန် - ငါ မဖိတ်ဘဲ မင်းဘာသာရောက်လာခဲ့တာ။ ငါ အလိုမရှိတဲ့ မင်းကို ငါတို့ နဲ့ အတူတူ မထားနိုင်ဘူး။ မင်း ကို ပိုချစ်နိုင်မဲ့ မိဘကို ထပ်ရှာလိုက်ပါ။
ကျန်းချန် ပြောပြီး ထိုနေရာမှ ထွက်လာခဲ့သည်။ နောက်ပါးက စူးစူးနစ်နစ် ငိုနေတဲ့ ကောင်လေး ရဲ့ အသံကိုပါ လျစ်လျူရူလိုက်သည်။ ဒါတောင် နောက်ပါးက အော်ပြောလိုက်တဲ့ အသံကိုတော့ ကြားဖြစ်အောင် ကြားလိုက်သေးသည်။
*ကျွန်တော့်ကို ဘာလို့ မလိုချင်ကြတာလဲ။ ဘာလို့လဲ။ ကျွန်တော်ကို လူဖြစ်ခွင့်လေးတောင် မပေးနိုင်ကြဘူးလား။ အား!!!!*
YOU ARE READING
ချစ်သော ဗီလိန် {ချစ်သော ဗီလိန် }(Completed) {Zawgyi & Unicode}
Fanfictionခင်ဗျားကို တွေ့တိုင်း ကျွန်တော်နာကျင်တယ်။ ဒါပေမယ့် နာကျင်မှုတွေကိုဘဲ ထွေးပွေ့ပြီး ဆူးခင်းထားတဲ့ လမ်းကို ထပ်လျှောက်မိပြန်တယ်။ ကျန်းဝမ်ရင်(ကျန်းချန်) တောင်းပန်ပါတယ်။ မမှတ်မိတဲ့ အတွက် ကိုယ် တကယ်တောင်းပန်ပါတယ်။ မင်းရဲ့ နာကျင်မှုတွေ ကိုယ့်အချစ်တွေနဲ့ ပြန်...