ကျွန်တော် နိုးလာတော့ ခေါင်းတစ်ခုလုံး တူနဲ့ထုသလို ကိုက်ခဲနေသည်။
ဝမ်းနင် - ကျစ်!! ခေါင်းကိုက်လိုက်တာ။
လန်းဆန်သွားအောင် ရေချိုးမယ်ဆိုပြီး ကိုယ်ပေါ်လွှားထားတဲ့ စောင်ကို ဖယ်လိုက်တော့ အိပ်ယာခင်းဖြူဖြူပေါ်မှာ တွေ့လိုက်ရတဲ့ သွေးကွက်တွေ အဖြူကွက်တွေကြောင့်
ဝမ်းနင် - ဘာတွေတုန်း။ ငါ ညက
ကိုယ့်ကို ပြန်ကြည့်လိုက်တော့ အ၀တ်အစားနဲ့ တူတာ ဘာမှ မ၀တ်ထား။ ဘေးဘက်ကုတင်ကို လှမ်းကြည့်တော့ ၀မ်ချောင် မဟုတ်ဘဲ ဟွိုက်ဆန်း ဖြစ်နေတာကြောင့် ဘေးနားက ကျနေတဲ့ အ၀တ်တွေ ကောက်ဝတ်ပြီး အခန်းပြင်ဘက်ထွက် အခန်းနံပါတ် ကြည့်လိုက်တော့ 2996 တဲ့။ အခန်းထဲ ပြန်ဝင်လာပြီး အိပ်မောကျနေတဲ့ ဟွိုက်ဆန်း ကို ကြည့်ရင်း ညက အကြောင်းတွေ ပြန်စဉ်းစားကြည့်တော့ တရိပ်ရိပ်ပေါ်လာတဲ့ ပုံရိပ်တွေ။
ဝမ်းနင် ကိုယ့်ခေါင်းကို ထုလိုက်ပြီး
ဝမ်းနင် - သွားပြီ!! ဟွိုက်ဆန်း ကို ကျန်းချန် အမှတ်နဲ့။
ဘယ်လိုမှ ပြင်လို့မရတဲ့ အမှားတစ်ခု။ ဟွိုက်ဆန်းက မိန်းကလေးမဟုတ်ပေမဲ့ မားမား ရဲ့ *ယောကျာ်းဆိုတာ ကိုယ့်လုပ်တဲ့ အမှားအတွက် ရဲဝင့်စွာ တာဝန်ယူတတ်ရမယ်*တဲ့။
ဟွိုက် - မင်း နိုးနေပြီလား။
ကျွန်တော် ဘယ်လောက်ထိ အတွေးလွန်နေလဲ မသိ။ ဟွိုက်ဆန်း အသံကြားမှ
ဝမ်းနင် - အင်း ဟွိုက်ဆန်း ငါတို့ ညက
ဟွိုက် - ဘာမှ မဖြစ်ဘူး။
ဝမ်းနင် - ဘာကို ဘာမှ မဖြစ်ရမှာလဲ။ မင်း လည်ပင်းပေါ်က အနီကွက်တွေ အိပ်ယာခင်းပေါ်က သွေးကွက်တွေက သက်သေဘဲလေ။
ဟွိုက် - အဲ့တော့ မင်း က ဘာဖြစ်ချင်တာလဲ။
ကျွန်တော့်ကို မကြည့်ဘဲ တခြားနေရာကိုသာ အကြည့်လွှဲ ပြီး ဖြေနေတဲ့ ဟွိုက်ဆန်း။ သူ့ပခုံး နှစ်ဖက်ကို ဆုပ်ကိုင်လိုက်တော့ အတင်းရုန်းနေတဲ့ ဟွိုက်ဆန်းကြောင့်
ဝမ်းနင် - မရုန်းနဲ့။ ဟွိုက်ဆန်း ငါ့မျက်လုံးကို သေချာကြည့်။ ငါ မင်းကို တာဝန်ယူမယ်။
YOU ARE READING
ချစ်သော ဗီလိန် {ချစ်သော ဗီလိန် }(Completed) {Zawgyi & Unicode}
Fanficခင်ဗျားကို တွေ့တိုင်း ကျွန်တော်နာကျင်တယ်။ ဒါပေမယ့် နာကျင်မှုတွေကိုဘဲ ထွေးပွေ့ပြီး ဆူးခင်းထားတဲ့ လမ်းကို ထပ်လျှောက်မိပြန်တယ်။ ကျန်းဝမ်ရင်(ကျန်းချန်) တောင်းပန်ပါတယ်။ မမှတ်မိတဲ့ အတွက် ကိုယ် တကယ်တောင်းပန်ပါတယ်။ မင်းရဲ့ နာကျင်မှုတွေ ကိုယ့်အချစ်တွေနဲ့ ပြန်...