🍀8🍀

1.2K 161 20
                                    

ကျန်းချန် - ကလေးကုလားနဲ့ ကစားကွင်းလာရတယ်လို့။

ဝေ့ - ကျန်းချန် ကလေးမှ ကစားကွင်းလာရတယ်လို့ ဘယ်သူပြောလဲ။ လာ ဟိုဟာ သွားစီးရအောင်။

ဝေ့ရင်း နဲ့ လန်ကျန့် ယူနန်ကနေ ပြန်ရောက်ရောက်ခြင်း ကျန်းချန် ကို ကစားကွင်းသွားဖို့ လာခေါ်ကြသည်။

ဝေ့ရင်း လက်ညှိုးထိုးပြတဲ့ ဟာကို ကြည့်ပြီး ကျွန်တော့မှာ ကြောက်ဒူးတုန်နေပြီ။ မတုန်လို့ မရဘူးလေ။ ကြည့်ပါအုံး နည်းနည်းနောနော အမြင့်ကြီးဘဲ။ ဟိုးအပေါ်ဆုံးရောက်မှ တစ်ယောက်ချင်းစီ ခွဲထွက်ပြီး ရမ်းနေတာ။

ကျန်းချန် - ငါ မစီးဘူးနော် ဝေ့၀ူရှန့် မင်း

ဝေ့ - မင်းကလည်းကွာ ဘာမှ မဖြစ်ပါဘူး လာသွားမယ်။

ဝေ့ရင်းကတော့ လက်မှတ်တောင်ဖြတ်လိုက်သေး။ လန်ဝမ့်ကျီး ဆိုတာလဲ သူ့လင်ကို ဘာမှမပြော။ ဒီအတိုင်းဘဲ ကြည့်နေတာ တော်တော်လိုက်တဲ့ဟာတွေ။ နောက်ဆုံးတော့ ကြောက်ကြောက်လန့်လန့် နဲ့ စီးခဲ့ရတာဘဲ။

ဝေ့ - မားမားရေ လန်ကျန့် ကျူးးဝါးးး

အသံပြဲလျှာပြဲနဲ့ အော်နေတဲ့ ဝေ့ရင်း။ ကျွန်တော်လား ကျွန်တော်လည်း အော်တာပါဘဲ။ လန်ဝမ့်ကျီးကတော့ မျက်လုံးကို တင်းတင်းမှိတ်ထားလို့။

ကျန်းချန် - ဝေ့၀ူရှန့် အောက်ပြန်ရောက်လို့ကတော့ မင်းသေပြီသာမှတ် အား!!!!

ကစားနည်းတွေ တစ်ခုပြီး တစ်ခုကစားပြီးတဲ့နောက် မှာတော့ လူတွေလည်း လုံးပါးပါးနေပြီ။

ဝေ့ - ဗိုက်ဆာပြီ။

ကျန်းချန် - ငါ လမ်းမလျှောက်နိုင်တော့ဘူး။ ဒူးတွေ တုန်နေပြီ။

လန်ကျန့် - ခနနား ရအောင်။ ပြီးမှ Hotpop သွားစားကြမယ်။

ဝေ့ - လန်ကျန့် မင်း အကောင်းဆုံးဘဲ။ ပေးကျန်းချန် မင်းခြေထောက်

ပြောပြောဆိုဆို နဲ့ ဝေ့ရင်းက ကျန်းချန်ခြေထောက်ကို ဆွဲယူပြီး နှိပ်ပေးတော့သည်။

ကျန်းချန် - ဘာလုပ်တာလဲ။ မလုပ်နဲ့

ဝေ့ - ပါးစပ်ပိတ်ထားစမ်း။ မင်း ညောင်းနေမှာ ဆိုးလို့ နှိပ်ပေးနေတာ

ချစ်သော ဗီလိန် {ချစ်သော ဗီလိန် }(Completed) {Zawgyi & Unicode}Where stories live. Discover now