ရှိုးယွမ် - ပြန်လာပြီလား ဆွေ့ဟွာ။
ဆွေ့ - အင်း နင် အဆင်ပြေရဲ့လား။
ရှိုး - ဟား ပြေတာပေါ့။ အခုတော့ ငါ လွတ်လပ်သွားပြီ။ အဟီး
ဆွေ့ - မဟန်ဆောင်တတ်ဘဲနဲ့ မဟန်ဆောင်စမ်းနဲ့။ ငိုချင်ငိုချလိုက်
ရှိုး - မငိုပါဘူး။ ငါ ငိုရင် နင် ရင်နာတယ်မလား။
ဆွေ့ - ငါ က ဘာကိစ္စရင်နာရမှာလဲ။ အဓိပ္ပါယ် မရှိတာ။
ရှိုး - အဓိပ္ပါယ် မရှိတာကို ရှိအောင် လုပ်ပြမယ်။
ဆွေ့ - နင် ဘာလုပ် အု...
ရှိုးယွမ် ၊ ဆွေ့ဟွာ မျက်နှာကို ကိုင်လိုက်ပြီး နှုတ်ခမ်းနီဆိုးထားတဲ့ နှုတ်ခမ်းလေးကို နမ်းလိုက်သည်။ ဆွေ့ဟွာ မှာ အလွန်အံ့သြသွားပြီး နောက်တော့ ရှိုးယွမ် ကို ကုတင်ပေါ် လှဲချလိုက်ပြီး အပေါ်မှ အုပ်မိုး၍
ဆွေ့ - ငါ့ကို စန့်တူကော နေရာမှာ အစားထိုးချင်တာနဲ့ ဒီလိုလာမလုပ်နဲ့ ရှိုးယွမ်။ ငါ့ အချစ်က ပေါပေါပဲပဲ မဟုတ်ဘူး။ ငါ နင့်ကို တန်ဖိုးထားသလို နင်လည်း ကိုယ့်ကို တန်ဖိုးထား။
ဆွေ့ဟွာ ပြောပြီး အခန်းထဲမှ ထထွက်လာသည်။ ရှိုးယွမ် ကတော့ ကုတင်ပေါ်မှာ ပတ်လက်အနေထားနဲ့ ကျန်ခဲ့ပြီး ဆွေ့ဟွာ အပေါ် သူ အမှားပြုမိလိုက်ကြောင်း သိလိုက်ရသည်။ ကုတင်ပေါ်မှာ ကုန်းရုန်းထလိုက်ပြီး ဆွေ့ဟွာ ရှိလောက်မဲ့ မီးဖိုချောင်ခန်းထဲ ၀င်လာလိုက်သည်။ ဟော တွေ့ပါပြီ။
မီးဖိုချောင်ထဲမှာ ညစာပြင်နေတဲ့ ဆွေ့ဟွာ။ ဆွေ့ဟွာ က အရမ်းချောတယ်။ လှလည်း လှတယ်။ ရွှေအိုရောင် ဆံပင်လေးက ဖြောင့်စင်းပြီး ခါးထိ ရှိသည်။ ပါးလေးနှစ်ဖက်က ဖောင်းဖောင်းအစ်အစ်လေး။ နှာတံလေးက ဖြောင့်စင့်ပြီး ထိပ်ကျမှ လုံးလုံးလေး။ အပေါ်နှုတ်ခမ်းလေးက ပါးလျပြီး အောက်နှုတ်ခမ်းသားလေးက ထူထူပြည့်ပြည့်လေး နဲ့ တစ်မျိုးလေး။ ဆွေ့ဟွာ ကို နောက်ကနေ ခါးလေးဖက်လိုက်ပြီး
ရှိုး - တောင်းပန်ပါတယ် ဆွေ့ဟွာ။
ဆွေ့ - ညစာ စားမယ်။
ရှိုး - ဟေး ငါ တောင်းပန်နေတယ်လေ။
ဆွေ့ - မလိုဘူး။
YOU ARE READING
ချစ်သော ဗီလိန် {ချစ်သော ဗီလိန် }(Completed) {Zawgyi & Unicode}
Fanfictionခင်ဗျားကို တွေ့တိုင်း ကျွန်တော်နာကျင်တယ်။ ဒါပေမယ့် နာကျင်မှုတွေကိုဘဲ ထွေးပွေ့ပြီး ဆူးခင်းထားတဲ့ လမ်းကို ထပ်လျှောက်မိပြန်တယ်။ ကျန်းဝမ်ရင်(ကျန်းချန်) တောင်းပန်ပါတယ်။ မမှတ်မိတဲ့ အတွက် ကိုယ် တကယ်တောင်းပန်ပါတယ်။ မင်းရဲ့ နာကျင်မှုတွေ ကိုယ့်အချစ်တွေနဲ့ ပြန်...