တစ်ပတ် ရှိပြီ။ အခုထိ ကိုကို မထသေးဘူး။ ညနေဆို ကျွန်တော်က ဆေးရုံဆင်းရတော့မယ်။ကျွန်တော့်မှာ ကနေဒါ မပြန်ရတဲ့ အတွက် စာမေးပွဲလည်း မဖြေရဘူး။ ဒီတစ်နှစ်တော့ ကျပါပြီ။ ခင်ဗျားကတော့ ကောင်းကောင်းသေ အဲ ကောင်းကောင်းအိပ်နေတယ်ပေါ့ လန်ရှီးချန်။
ဝေ့ - လန်ကျန့် အခုထိ ရှီးချန်ကော မနိုးသေးပါလား။
လန်ကျန့် - အင်း။
ကျန်းချန် - ငါကတော့ သူ့ကို ကလိချင်လို့ပါဆိုမှ။ ဟျောင့်ကိုကို ခင်ဗျား မထသေးရင် ကျွန်တော် ကနေဒါ ပြန်မှာနော်။
ဟုတ်တယ် စိတ်မရှည်ချင်တော့ဘူး။
ရှီးချန် - မသွားပါနဲ့!!
Wtf!! ငါ စမလို့ပါဆို။ အသံကြောင့် ၃ယောက်သား ကုတင်ပေါ်ကို ကြည့်လိုက်တော့ လန်ရှီးချန် ဟာ မျက်လုံးမှိတ်ထားဆဲ။ ပါးစပ်ကတော့ အားချန် မသွားပါနဲ့ ဆိုတာချည်း။
လန်ကျန့် - ကိုကို...ကိုကို သတိရလာပြီလား။
နားထဲ စိုးရိမ်တကြီးခေါ်နေတဲ့ အသံတွေ။ လူငယ်လေး တစ်ယောက်ရဲ့ ရယ်သံလွင်လွင်လေးတွေ ကြားနေရတယ်။ ကျွန်တော် ဘယ်နေရာ ရောက်နေတာလဲ။ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ကြာပန်းတွေဆိုတာ ကန်အပြည့်။
*ကိုကို*
*ကိုကို လာခဲ့။*
*ကိုကို လာခဲ့လေ ကျွန်တော်နဲ့ ကြာစေ့စားရအောင်။*
ခရမ်းနုရောင် ၀တ်ဆုံ ၀တ်ဆင်ထားတဲ့ကောင်လေးတစ်ယောက်။ ဆံပင်က အဖြူရောင်။ သူ့မျက်ဝန်းတွေက တလက်လက်တောက်ပနေတဲ့ ကြယ်ကလေးလို တောက်ပနေသည်။ ကျွန်တော့်ကို လက်ယက်ခေါ်နေတာလား။ သူက ကျွန်တော် ချစ်ရသူလေး အားချန် လား။ ကျွန်တော် သွားဖို့အလုပ် ဘေးကနေ ဖြတ်လျှောက်သွားတဲ့ အဖြူရောင် ကောင်လေး။ ထိုကောင်လေးဟာ ခရမ်းနုရောင် ကောင်လေး ဘေး ၀င်ထိုင်လိုက်ပြီး
*အားချန် က ဒီမှာကို ကိုကို က လိုက်ရှာနေတာ။*
*ဟီး ကြာစေ့စား ကိုကို*
ခရမ်းနုရောင် ကောင်လေး ခွံ့ကျွေး သမျှကို ပြုံးပြုံးလေးစားနေတဲ့ အဖြူရောင် ကောင်လေး။ ပျော်ရွှင်စရာတွေ ဖုန်းလွှမ်းနေတဲ့ ထိုနေရာလေးဟာ ရုတ်ချည်း သွေးရောင်တွေ ဖုံးလွှမ်းသွားသည်။ အဖြူရောင် ကောင်လေး လက်ထဲမှာ သွေးတွေပေကျံ နေတဲ့ ခရမ်းနုရောင် ကောင်လေး။
YOU ARE READING
ချစ်သော ဗီလိန် {ချစ်သော ဗီလိန် }(Completed) {Zawgyi & Unicode}
Fanfictionခင်ဗျားကို တွေ့တိုင်း ကျွန်တော်နာကျင်တယ်။ ဒါပေမယ့် နာကျင်မှုတွေကိုဘဲ ထွေးပွေ့ပြီး ဆူးခင်းထားတဲ့ လမ်းကို ထပ်လျှောက်မိပြန်တယ်။ ကျန်းဝမ်ရင်(ကျန်းချန်) တောင်းပန်ပါတယ်။ မမှတ်မိတဲ့ အတွက် ကိုယ် တကယ်တောင်းပန်ပါတယ်။ မင်းရဲ့ နာကျင်မှုတွေ ကိုယ့်အချစ်တွေနဲ့ ပြန်...