ယွီပင်း ရဲ့ အကြောင်းကြားချက်ကြောင့် ဟောက်ရွှမ်း နဲ့ ကျိရန် ဆေးရုံကို ရောက်လာခဲ့သည်။
ဟောက် - ယွီပင်း။ ကော ရော
ယွီပင်း - ခွဲခန်းထဲမှာဘဲ ရှိသေးတယ်။
ကျိရန် - ဘယ်လိုဖြစ်ရတာလဲ။
ယွီပင်း - ငါ ကျိုးချန် ဆီ သွားရင်း နဲ့ တွေ့တာ။ ကော က သူ့ကိုသူ သတ်သေ တယ် ထင်တယ်။
ဟောက် - ဟာ!!
ယွီပင်း တို့ သုံးယောက်သား ခွဲခန်းရှေ့က ထိုင်ခုံမှာ ထိုင်နေကြပြီး ဟိုင်ခွမ်း ဘာမှ မဖြစ်ဖို့ ဆုတောင်းနေကြသည်။
ရှောင်ကျန့် မားမား အတွက် အ၀တ်အစားလာပို့ပေးပြီး ခွဲခန်းရှေ့က အဖြတ် ယွီပင်း တို့ကို တွေ့တာကြောင့်
ရှောင်ကျန့် - ဘယ်သူ ဘာဖြစ်လို့လဲ။
အသံနဲ့ အတူ အနားလာရပ်တဲ့ လူကြောင့် မော့ကြည့်လိုက်တော့ ရှောင်ကျန့်။ ဟုတ်သားဘဲ။ ဒီဆေးရုံက ရှောင်ကျန့် အမေပိုင်တဲ့ ဆေးရုံကို။
သူတို့လည်း ရှောင်ကျန့်ကို ပြောပြလိုက်တော့ ရှောင်ကျန့် ခင်ဗျာ မျက်လုံးလေးပြူးလို့။
ရှောင်ကျန့် - ဟိုင်ခွမ်း ကော က Suscide တယ်။
ယွီပင်း - အင်း
ဟောက် - တကယ်တော့လေ ကော က ကျိုးချန် ကို ချစ်ခဲ့တယ်။ ဒါပေမယ့် သူ မဖွင့်ပြောခဲ့ရဘူး။ သူကလေ မင်းတို့ သူငယ်ချင်းကို သူထက်မလျော့သော အချစ်နဲ့ ချစ်ခဲ့ဖူးတယ် ကွ။ သူ ကလေ ကျိုးချန် မွေးနေ့မှာ ဖွင့်ပြောဖို့ အတွက် လုပ်ခဲ့တယ်။ အဲ့တာတွေ ကျိုးချန် မသိသွားခဲ့ရဘူး။
ဟောက်ရွှမ်း သည် အစ်ကိုဖြစ်သူအတွက် ရင်ကွဲမတတ်ခံစားရသည်။ ဘယ်ကနေ ဘယ်လို သူတို့တွေ မှားခဲ့ကြတာလဲ။
•
•
•
ဘေကျင်းမြို့မ ရဲစခန်း ထဲတွင် အထူးစုံစမ်းစစ်ဆေးမှူးကြီးရှေ့ တစ်ကိုယ်လုံး အမဲရောင်ဝတ်ရုံရှည်ကြီးဝတ်ထားပြီး မျက်နှာကိုလည်း အုပ်ထားတဲ့ လူတစ်ယောက်စုံစမ်းရေးမှူး - ဘာအကူအညီပေးရမလဲ။
Someone - အမှုဖွင့်ချင်လို့။
YOU ARE READING
ချစ်သော ဗီလိန် {ချစ်သော ဗီလိန် }(Completed) {Zawgyi & Unicode}
Fanfictionခင်ဗျားကို တွေ့တိုင်း ကျွန်တော်နာကျင်တယ်။ ဒါပေမယ့် နာကျင်မှုတွေကိုဘဲ ထွေးပွေ့ပြီး ဆူးခင်းထားတဲ့ လမ်းကို ထပ်လျှောက်မိပြန်တယ်။ ကျန်းဝမ်ရင်(ကျန်းချန်) တောင်းပန်ပါတယ်။ မမှတ်မိတဲ့ အတွက် ကိုယ် တကယ်တောင်းပန်ပါတယ်။ မင်းရဲ့ နာကျင်မှုတွေ ကိုယ့်အချစ်တွေနဲ့ ပြန်...