ကန်တင်းထဲကို လက်တွဲ ပြီး ၀င်လာတဲ့ ရှီးချန် နဲ့ ကျန်းချန် ကို အားလုံးက ပါးစပ်အဟောင်းသားနဲ့ ငေးနေကြသည်။
မင် - ၀မ့်ကျီး မင်းအစ်ကို နဲ့ ကျန်းချန် က
လန်ကျန့် - ဒီမနက်တင် ချစ်သူတွေ ဖြစ်သွားတာ။
ဝမ်းနင် - ဟို ကျွန်တော် စာရှာ စရာ ရှိလို့ စာကြည့်တိုက်ကို သွားတော့မယ်။
ဝမ်းနင် လွယ်အိတ်ကို ယူပြီး အမြန် ကန်တင်းထဲက ထွက်လာခဲ့သည်။
ကျန်းချန် - ၀မ်းနင်၊ ၀မ်းနင်!!! ၀မ်ချင် သူဘယ်သွားတာလဲ။
ဝမ်ချင် - စာကြည့်တိုက် သွားတာ။
ကျန်းချန် - အော်
ရှီးချန် - အားချန် ဘာစားမလဲ ကိုယ် သွားယူပေးမယ်။
ကျန်းချန် - အင်း.....သီးစုံထမင်းကြော်၊ ၀က်သားပြားကြော် နဲ့ ဖရဲသီးဖျော်ရည်။
ရှီးချန် - Oki ကိုယ်ယူလာပေးမယ်။
ရှီးချန် က ကျန်းချန် ရဲ့ ခေါင်းလေးကို ပုတ်ပေးပြီး စားစရာတန်းဘက်ကို ထွက်လာလိုက်သည်။
ရှင်းချန် - နောက်ဆုံးတော့ ရှီးချန် အချစ်ကို ရပြီပေါ့။
ကျန်းချန် - ဟီး ၀ူရှန့်ရော
လန်ကျန့် - ဆရာ ကျင်းကွမ်ရှန့် ခေါ်လို့ သွားတယ်။
ရှီးချန် စားစရာတွေ ပြန်ရောက်လာတော့မှ အားလုံး စကားစပြတ်သွားပြီး စားစရာရှိတာကိုသာ စားနေကြသည်။ ရှီးချန် ကတော့ ဂရုတစိုက်နဲ့ ကျန်းချန် ပန်းကန်ထဲ ၀က်သားပြားကြော်ထည့်ပေးလိုက် ၊ အရွက်ကြော် ထည့်ပေးလိုက်နဲ့။
ကျန်းချန် - ကိုကိုလည်း စားအုံးလေ။ ကျွန်တော့် ပန်းကန်ထဲ မှာလည်း ရှိပါသေးတယ်။
ရှီးချန် - ကိုကို က အားချန် စားနေတာကို ကြည့်ရတာနဲ့တင် ဗိုက်ပြည့်နေပြီ။
မင် - အပိုတွေ
ရှင်းချန် - အော် ရှီးချန် မင်းကို ပြောဖို့မေ့နေတာ။ ငါ့ဦးလေးက ပြောတယ် ကြာပန်းတံခွန်သာ အိမ်ကို ရောင်းမယ်တဲ့။
ရှီးချန် - တကယ်လား။
ရှင်းချန် - တကယ်။ ညနေ ကျောင်းဆင်းတာနဲ့ သွာမလား။
YOU ARE READING
ချစ်သော ဗီလိန် {ချစ်သော ဗီလိန် }(Completed) {Zawgyi & Unicode}
Fanfictionခင်ဗျားကို တွေ့တိုင်း ကျွန်တော်နာကျင်တယ်။ ဒါပေမယ့် နာကျင်မှုတွေကိုဘဲ ထွေးပွေ့ပြီး ဆူးခင်းထားတဲ့ လမ်းကို ထပ်လျှောက်မိပြန်တယ်။ ကျန်းဝမ်ရင်(ကျန်းချန်) တောင်းပန်ပါတယ်။ မမှတ်မိတဲ့ အတွက် ကိုယ် တကယ်တောင်းပန်ပါတယ်။ မင်းရဲ့ နာကျင်မှုတွေ ကိုယ့်အချစ်တွေနဲ့ ပြန်...