အခုဆို ဒုတိယနှစ်ဝက်အတွက် ကျောင်းတွေ ပြန်ဖွင့်တာ ၂လကျော်တောင် ရှိပြီ။ တတိယနှစ်တွေ နဲ့ နောက်ဆုံးနှစ်တွေက လက်တွေ့ကွင်းဆင်းတာ များကြတဲ့ အတွက် ကျောင်းမှာ ပထမနှစ်သမားတွေ နဲ့ ဒုတိယ နှစ်သမားတွေ သာ ရှိကြသည်။
သူငယ်ချင်းတွေ အားလုံးက ကိုယ်ဝန်သည်လေ ဟွိုက်ဆန်း ကို အတော့်ကို ဂရုစိုက်ကြသည်။ အဲ့ထဲ ပိုဆိုးတာ ၀မ်ချင်ဘဲ။ ဟွိုက်ဆန်း ကို မျက်စိဒေါက်ထောက်ကို လိုက်ကြည့်တာ။ ဟိုဟာဆိုလည်း စားလို့ရမရ ကို ဆရာဝန်ဖြစ်သူ ကျင်းဇီရွှမ်း ကို လှမ်းမေးလို့ မေးနဲ့။
ဝမ်းနင် - ကျဲ!!! ကိုယ်ဝန်ဆောင်သည်က အကုန်စားလို့ရတယ်။ လေစာတွေ၊ တတ်စာတွေ နဲ့ အစပ်တွေတာ စားမရတာ။
ဟုတ်တယ်။ တကယ်ပိုကို ပိုလွန်းတယ်။ ယောကျာ်းဖြစ်သူ ကျွန်တော် ပူဖို့လည်း ထားပါအုံး။
ဝမ်ချင် - ဘာဘဲဖြစ်ဖြစ် ပိုဂရုစိုက်တော့ ပိုကျန်းမာတာပေါ့။ ဟုတ်တယ်မလား မတ်ကလေး။
ဟွိုက် - ဟုတ်တာပေါ့။
ရွှယ် - အား!!! ကိုကို့ ကိုလွမ်းတာကွာ။ ကျန်းချန် မင်းရော ရှီးချန်ကော ကို မလွမ်းဘူးလား။
ကျန်းချန် - အင်း လွမ်းပါတယ်။
ဝမ်ချောင် - ဘယ်လို စကားကြီးလဲ။ လွမ်းရင်လည်း လွမ်းတယ်ပေါ့။ အခုဟာက ဘာလွမ်းပါတယ်လဲ။
ကျန်းချန် - ငါ က အေးဆေးနေတော့ အဓိပ္ပါယ် မဖော်တတ်ဘူးလေ။
ဝေ့ - ကျန်းချန် က လန်ကျန့် လိုလေ။ ဟိုရက်က ငါ ပါးနဲ့ ချုံချင်း လိုက်သွားတုန်းက လန်ကျန့် ငါ မင်းကို အရမ်းလွမ်းတာဘဲ လို့ ပြောတာ အင်းတဲ့။ မင်းရော ငါ့ကို လွမ်းလားဆိုတော့ အွန်းတဲ့။ အဲ့တာဘဲ ပြောပြီး ဖုန်းချသွားတာ။
လန်ကျန့် - အဲ့နေ့က ကိုယ် အပြင်ရောက်နေလို့။
ဝေ့ - ဘာမှ မဟုတ်ပါဘူး။ မင်း အဲ့နေ့က ကျူးရန်နဲ့ တွေ့တာမလား။ ငါ့ကို ဇီထျန့် ပုံပို့ပေးတယ်။
လန်ကျန့် - ကျူးရန် နဲ့ တွေ့တယ်ဆိုတာက...
လန်ကျန့် စကားမဆုံးသေး ဖြတ်ပြောလိုက်တဲ့ ဝေ့ရင်း
YOU ARE READING
ချစ်သော ဗီလိန် {ချစ်သော ဗီလိန် }(Completed) {Zawgyi & Unicode}
Fanficခင်ဗျားကို တွေ့တိုင်း ကျွန်တော်နာကျင်တယ်။ ဒါပေမယ့် နာကျင်မှုတွေကိုဘဲ ထွေးပွေ့ပြီး ဆူးခင်းထားတဲ့ လမ်းကို ထပ်လျှောက်မိပြန်တယ်။ ကျန်းဝမ်ရင်(ကျန်းချန်) တောင်းပန်ပါတယ်။ မမှတ်မိတဲ့ အတွက် ကိုယ် တကယ်တောင်းပန်ပါတယ်။ မင်းရဲ့ နာကျင်မှုတွေ ကိုယ့်အချစ်တွေနဲ့ ပြန်...