ဝေ့ - လန်ကျန့် မနေ့ညက ငါ အိမ်မက်မက်တယ်။ ကျိုးချန် ကျိုးချန် ငါတို့ရှေ့တွင်သေသွားတာ။
လန်ကျန့် - ကိုယ်ရောဘဲ။
ဝေ့ - ငါအမှန်အတိုင်းပြောမယ် လန်ကျန့်။ ငါ ကျန်းချန် ကို အဆုံးထိ ကာကွယ်သွားမယ်။ ရှီးချန်ကော က သူ့ကို ချစ်တယ်ဆိုရင်တောင် ငါ ရှီးချန်ကော လက်ထဲ မထည့်နိုင်ဘူး။ ထပ်ပြီး သူနာကျင်မှာကို ငါမလိုလားဘူး။
လန်ကျန့် - ကိုယ်ရောဘဲ။ ကျိုးချန် ကို ကိုယ်တို့ပေးတဲ့ အကြံကြောင့် သူ့ဘ၀တစ်ခုလုံး ဇောက်ထိုးမိုးမျှော်တွေ ဖြစ်ကုန်တာ။ ဖြစ်နိုင်ရင် အဲ့အချိန်ကို ပြန်သွားပြီး တားဆီးချင်တယ်။
ဝေ့ - ငါတို့ အဆောင်မှာ မနေခဲ့ရင် အရမ်းကောင်းမှာ။
လန်ကျန့် - ဒီဘ၀မှာ သူက ကိုယ့်အစ်ကို ဖြစ်နေလို့။ မဟုတ်ရင် ကိုယ် အခုချိန် သွားထိုးပစ်မှာ။ ဒါနဲ့ ဝေ့ရင်း ကိုယ်မင်းကို အရမ်းချစ်တယ်နော်။ ဒါကိုတော့ ဝေ့ရင်း မှတ်ထားပေးပါ။
ဝေ့ - အင်း ငါလည်း မင်းကို အရမ်းချစ်တယ်။ မနက်ဖြန် စနေ ဆိုတော့ ငါတို့ ဟိုတစ်ခါ သွားတဲ့ Club သွားကြမလား။
လန်ကျန့် - မဖြစ်ဘူး။မနက်ဖြန် ဦးဦး နဲ့ ယူနန် လိုက်သွားရမှာ။
ဝေ့ - အလုပ်ကိစ္စနဲ့လား။ မင်းဦးလေး က လွန်ပါတယ်ကွာ။ ကျောင်းသားဘ၀မှာ တောင် ပျော်ပျော်ရွှင်ရွှင်မနေခိုင်းဘူး။ ဘယ်မှာလဲ ငါတို့ တွေ့ရတဲ့ အချိန်။
စူပုတ်နေတဲ့ ချစ်ရသူလေးကို ရင်ခွင်ထဲ ထည့်ပြီး
လန်ကျန့် - စိတ်မဆိုးပါနဲ့ ဝေ့ရင်း။ ဦးဦး က စာသင်တာကို ဝါသနာပါတော့ လန်ကုမ္ပဏီ ကို လူယုံနဲ့ လွှတ်ထားတာတောင် စိတ်မချချင်ဘူးလေ။ ကိုယ် အခုကတည်းက ကြိုးစားထားမှ ဝေ့ရင်း ကို ယူပြီးတဲ့အခါ တင့်တောင်းတင့်တယ်ထားနိုင်မှာ။
ဝေ့ - ငါ့အတွက် စည်းစိမ်းဥစ္စာတွေ မလိုအပ်ဘူး လန်ကျန့်။ မင်းရှိရင်ကို ရပြီ။ ငါတို့ အရင်ဘ၀က အဲ့ စည်းစိမ်ဥစ္စာတွေကြောင့် လုပ်ကြံခံရတာမလား။
လန်ကျန့် - ဝေ့ရင်း ရယ်။
ငိုနေတဲ့ ချစ်သူလေးကို တင်းကျပ်စွာ ဖက်ထားလိုက်သည်။ ဝေ့ရင်းရဲ့ ဖုန်းသံကြောင့် ဖက်ထားရာကနေခွာလိုက်ပြီး ကြည့်လိုက်တော့ ကျန်းချန်
YOU ARE READING
ချစ်သော ဗီလိန် {ချစ်သော ဗီလိန် }(Completed) {Zawgyi & Unicode}
Fanfictionခင်ဗျားကို တွေ့တိုင်း ကျွန်တော်နာကျင်တယ်။ ဒါပေမယ့် နာကျင်မှုတွေကိုဘဲ ထွေးပွေ့ပြီး ဆူးခင်းထားတဲ့ လမ်းကို ထပ်လျှောက်မိပြန်တယ်။ ကျန်းဝမ်ရင်(ကျန်းချန်) တောင်းပန်ပါတယ်။ မမှတ်မိတဲ့ အတွက် ကိုယ် တကယ်တောင်းပန်ပါတယ်။ မင်းရဲ့ နာကျင်မှုတွေ ကိုယ့်အချစ်တွေနဲ့ ပြန်...