ဂျပန်က ပြန်ရောက်ပြီးကတည်းက ကျွန်တော်မှာ အားတယ်ဆိုတာ မရှိ။ အဲ့လိုဘဲ အားချန်ကလည်း သူ့ကျောင်းစာတွေနဲ့သာ လုံးပန်းနေရတာ။ အခုတလော အရေးကြီးတဲ့ Project ကြောင့် အိမ်ပြန်နောက်ကျတဲ့ ရက်တွေက ခပ်များများ။ တစ်ခါတစ်လေဆို အိမ်မပြန်ဖြစ်။ အားချန် နဲ့လည်း အေးဆေး စကားမပြောရ။
ရှီးချန် - ပင်းအာ ဒီနေ့ ဘာအစီအစဉ်တွေ ရှိလဲ။
ပင်းအာ - နေ့လည် ၂နာရီ Korea က Kim Gp နဲ့ ရင်းနှီးမြုပ်နှံမှု အတွက် တွေ့ဆုံပွဲ ရှိပါတယ်။ အဲ့တာ ပြီးရင် ဘာမှ မရှိတော့ပါဘူး။
ရှီးချန် - Kim gp က CEO ကိုယ်တိုင် လာမှာလား။
ပင်းအာ - မလာဘူး။ သူ့ညီ ရှောင်ဟန် လာမှာပါ CEO
ရှီးချန် - အော်။
နာရီကြည့်လိုက်တော့ နေ့လည် ၁၂ နာရီ။ ဒီအချိန်ဆို အားချန် တို့ ထမင်းစားနေလောက်ပြီပေါ့။ ဖုန်းထုတ်ပြီး ချစ်ရသူလေးဆီ ဖုန်းခေါ်လိုက်သည်။
📞Wai ကိုကို📞
ကြားချင်တဲ့ အသံလေး ကြားလိုက်ရတဲ့ အတွက် အားအင်တွေ အပြည့်
📞ပူတူးလေး နေ့လည်စာ စားပြီးပြီလား။📞
📞မစားရသေးဘူး ကိုကို။ ခေါင်းမူးနေလို့ ဟွိုက်ဆန်း ကိုဘဲ မုန့်မှာ လိုက်တယ်။📞
📞ခေါင်းမူးနေတယ်။ အာဆို အိမ်ပြန်လိုက်လေ။ ကိုကို ဦးလေး ကို ပြောပေးမယ်။📞
📞ရတယ် ကိုကို ခန အိပ်လိုက်ရင် အဆင်ပြေသွားမှာပါ။ ဒါနဲ့ ဒီနေ့ အိမ်ပြန်လာမှာလားဟင်။📞
📞အင်း ကိုကို ပြန်လာမှာ။ ဒီရက်တွေမှာ အားချန် ကို ပစ်ထားမိလို့ ကိုကို တောင်းပန်ပါတယ်နော်။📞
📞ရပါတယ် ကိုကို ရာ။ အု!📞
📞အားချန် ဘာဖြစ်တာလဲ။📞
📞ရင်ထဲ ပျို့တတ်ပြီး အန်ချင်သလို ဖြစ်နေလို့။ ၃ ရက် ၄ ရက်လောက်ရှိပြီ။📞
📞မဖြစ်ပါဘူး။ ကိုကို အလုပ်တွေ အပြီးဖျက်မှ ဖြစ်တော့မယ်။ ညနေ ကိုကို လာကြိုမယ်။ 📞
📞တကယ်နော်။📞
📞အင်း တကယ်။ ကိုကို့ ကျောင်းမဆင်းခင် ရောက်အောင် လာခဲ့မယ်။ 📞
YOU ARE READING
ချစ်သော ဗီလိန် {ချစ်သော ဗီလိန် }(Completed) {Zawgyi & Unicode}
Fanfictionခင်ဗျားကို တွေ့တိုင်း ကျွန်တော်နာကျင်တယ်။ ဒါပေမယ့် နာကျင်မှုတွေကိုဘဲ ထွေးပွေ့ပြီး ဆူးခင်းထားတဲ့ လမ်းကို ထပ်လျှောက်မိပြန်တယ်။ ကျန်းဝမ်ရင်(ကျန်းချန်) တောင်းပန်ပါတယ်။ မမှတ်မိတဲ့ အတွက် ကိုယ် တကယ်တောင်းပန်ပါတယ်။ မင်းရဲ့ နာကျင်မှုတွေ ကိုယ့်အချစ်တွေနဲ့ ပြန်...