ဝမ်းနင် - အားချန် ဘယ်Club ထဲ ၀င်မယ် စိတ်ကူးထားလဲ။
ဝမ်းနင် ဆိုတဲ့ လူက ကျွန်တော့်ကို အမြဲတမ်း အားချန် လို့ ခေါ်တယ်။ သူများတွေ ကျတော့ အမည်အပြည့်အစုံ ခေါ်ပြီး ကျွန်တော်ကျမှ....
ပြောတော့လည်း မျက်နှာငယ်လေး ရဲ့ ခေါ်လို့မရဘူးလား။ဒါဆို မခေါ်တော့ဘူး ပြောတော့ ဒီက လူက တစ်ဖက်သားကို အားနာတတ်တယ်လေ။ သူစိတ်တိုင်းကျတာ ခေါ်ခိုင်းလိုက်တော့မှ ပြုံးပျော်သွားတဲ့ ၀မ်းနင်...
ကျန်းချန် - ဘက်စကတ်ဘော ထဲ ၀င်မယ်လို့ စဉ်းစားထားတယ်။ မင်းရော
ဝမ်းနင် - ကိုယ်လည်း အားချန် နဲ့ အတူတူဘဲ။ ရော့ အားချန် ကြိုက်တဲ့ စတော်ဘယ်ရီကိတ်
ကျန်းချန် - မင်းက ငါ့အကြိုက်ကို တော်တော် သိတာဘဲနော်။ မင်း ငါ့ကိုများကြိတ် Crush နေတာတော့ မဟုတ်ပါဘူးနော်။
ဝမ်းနင် - အွန်း မင်းကို ငါ Crush နေတာ ကြာပြီ။ အခုမှ မဟုတ်ဘူး။ ဟိုးအရင်ကတည်းက
ဘာရယ်မဟုတ် ကျွန်တော်က ဒီအတိုင်းစလိုက်တာ သူကတော့ အတည်ကြီး ပြန်ပြောလို့...
ကျန်းချန် - အရင် ကတည်းက ငါတို့ တွေ့ဖူးလို့လား။
ဝမ်းနင် - ......
ကျန်းချန် - ပြောလေ
ကျွန်တော် မေးနေတုန်း အတန်းထဲ ၀င်လာတဲ့ ဝေ့၀ူရှန့် နဲ့ လန်ဝမ့်ကျီး။ သူတို့ နှစ်ယောက်လည်း အခုတလော တပူးပူးတတွဲတွဲ နဲ့။ ကော်နဲ့ ကပ်ထားသလိုဘဲ။ အခုလည်း ဝေ့၀ူရှန့် လွယ်အိတ်ကို သယ်လာပေးတဲ့ လန်ဝမ့်ကျီး
ဝေ့ - ဘာတွေ ပြောခိုင်းနေတာတုန်း။
ကျန်းချန် - ဘာမှ မဟုတ်ပါဘူး။ မနက်က မင်းဘာလို့ လာမခေါ်တာလဲ။
ဝေ့ - အိမ်က ပါးပါးက သူအသိမိတ်ဆွေအိမ်သွားတာ ငါ့ကို ခေါ်သွားလို့ လာမခေါ်နိုင်တာ။ ကျဲ ကို ငါ ဖုန်းလှမ်းဆက်တယ်လေ။
ကျန်းချန် - အင်း ကျဲ က မင်းမလာဘူးဘဲ ပြောတာကို။
ဝေ့ - ဒါနဲ့ မင်းတို့ ဘယ် Club မှာ ပါမယ် စိတ်ကူးထားလဲ။ ငါ နဲ့ လန်ကျန့် ကတော့ ဘက်စကတ်ဘော အသင်းမှာ ပါမလို့။
YOU ARE READING
ချစ်သော ဗီလိန် {ချစ်သော ဗီလိန် }(Completed) {Zawgyi & Unicode}
Fanfictionခင်ဗျားကို တွေ့တိုင်း ကျွန်တော်နာကျင်တယ်။ ဒါပေမယ့် နာကျင်မှုတွေကိုဘဲ ထွေးပွေ့ပြီး ဆူးခင်းထားတဲ့ လမ်းကို ထပ်လျှောက်မိပြန်တယ်။ ကျန်းဝမ်ရင်(ကျန်းချန်) တောင်းပန်ပါတယ်။ မမှတ်မိတဲ့ အတွက် ကိုယ် တကယ်တောင်းပန်ပါတယ်။ မင်းရဲ့ နာကျင်မှုတွေ ကိုယ့်အချစ်တွေနဲ့ ပြန်...