🍀30🍀

1.3K 153 6
                                    

ဒေါက်!!ဒေါက်!!

ယန်လီ - အားချန် ထတော့လေ။ အားချန်!

အထဲက ဘာသံမှ မကြားရလို့ ယန်လီ အခန်းတံခါးဖွင့်ပြီး ၀င်လာလိုက်သည်။ အခန်းထဲရောက်တော့ အားချန် ကို မတွေ့။ ရေချိုးခန်းထဲ ရှာတော့လဲ အားချန် ကို မတွေ့။

ယန်လီ - ဒီကလေး ဘယ်တွေ သွားနေတာလဲ။

ဖုန်းဆက်ကြည့်တော့လည်း မကိုင်။ ထပ်ခါထပ်ခါ ခေါ်တော့မှ တစ်ဖက်က ပြန်ထူးတယ်။ ဒါပေမယ့် အားချန် အသံတော့ မဟုတ်ဘူး။

📞ဝေ့ ယန်လီကျဲ📞

📞ဝေ မင်းဘယ်သူလဲ📞

📞ကျွန်တော် လန်ရှီးချန် ပါ။ ကျွန်တော် အားချန် ကို မခွဲနိုင်လို့ ခိုးပြေးသွားပြီ။ ကျွန်တော့်အစား လူကြီးတွေကို ပြောပေးပါနော်။ ကျွန်တော် ဖုန်းချလိုက်ပြီ။📞

တစ်ဖက်က ဖုန်းချသွားတဲ့ အထိ ယန်လီမှာ အူကြောင်ကြောင် နဲ့။ ပြီးမှ သတိဝင်လာပြီး ယ

ယန်လီ - မဟုတ်သေးဘူးလေ။ မှားနေပြီ မားရေ မား!!

ယန်လီ ဖုန်းကြီးကိုင်ပြီး အောက်ထပ်ကို အမြန်ဆင်းပြေးလာသည်။

ယန်လီ  - မား ပါး

ဖုန်းမြန် - အားလီ ဘာဖြစ်လာတာတုန်း

ယန်လီ - ပါး အားချန် မရှိတော့ဘူး။

ဇီယွမ် - ဘာပြောတယ်။ အားချန် က ဘာလို့ မရှိတော့တာလဲ။

ယန်လီ - ရှီး..ရှီးချန် က အားချန် ကို မခွဲနိုင်လို့ ခိုးပြေးသွားပြီတဲ့။

ဇီယွမ် - ဘာ!!!

ဖုန်းမြန်  -  ခန ရှီးချန် က ဘာလို့ သူ့သတို့သား ကို ခိုးပြေးရတာလဲ။

ယန်လီ - သမီးလည်း မသိဘူး။

ဇီထျန့် - ဦးလေး နဲ့ ဒေါ်လေး ကျွန်တော် ပြောပြပါမယ်။ တကယ်တော့ ကျန်းချန် က အစ်ကို ရှီးချန် ကို အံ့သြသွားအောင် လုပ်ဖို့ ရှီးချန်ကော နဲ့ သူနဲ့ စေ့ပ်ထားတာကို လုံးဝ မပြောဖို့ရယ် ပြီးတော့ ကျန်းချန် နဲ့ ယူမဲ့သူက စန့်တူ ကော ဖြစ်ကြောင်း နဲ့ ရှီးချန်ကော ရဲ့ ယူမဲ့သူက လျဲ့ပင်း ဖြစ်ကြောင်း ကျွန်တော်တို့ ရှီးချန်ကော ကို ကျွန်တော်တို ပြောပြီး လိမ်ခဲ့ကြတယ်။

ချစ်သော ဗီလိန် {ချစ်သော ဗီလိန် }(Completed) {Zawgyi & Unicode}Where stories live. Discover now