ဝေ့ - ဒီနှစ် ငါတို့က တတိယနှစ်တတ်ရမယ်။ မင်းနဲ့ဟွိုက်ဆန်းကတော့ ဒုတိယနှစ်မှာ နေခဲ့လိုက်တော့။
မော့ - စောစောစီးစီး လင်ရခြင်းအကျိုးကြောင့် အတန်းတစ်နှစ်အောက်လိုက်ရခြင်း။ ဟားးဟား
ကျန်းချန် - မင်းဘိုးအေ ဘဲ။ ဇီထျန့် မင်းတို့ ဘယ်နေ့ပြန်မှာလဲ။
ဇီထျန့် - မနက်ဖြန် ပြန်မှာ။ ကူစူးမှာဘဲ နေရမယ်တဲ့။ ငါတို့ကို ရှိုးယွဲ့ကော လို ဖြစ်မှာစိုးရိမ်တယ်တဲ့။
လျဲ့ပင်း - ဇီထျန့် ငါက ကော နဲ့ မတူဘူးနော်။ မင်းကို ဖူးဖူးမှုတ်ချစ်တာ မင်းအသိ။
ဇီထျန့် - အေး ငါကရော ဘာပြောနေလို့လဲ။
ကျန်းချန် - မင်းအခုတလော တော်တော်စွာလာတယ်နော် ဇီထျန့်။
ဇီထျန့် - ငါဘာသာ စွာ စွာ မစွာစွာ မင်းစောက်ပူမပါဘူး။
ဟွိုက် - တော်ပါတော့ အဲ့တာ ကိုယ်ဝန်ကြောင့် စိတ်ဆက်နေတာ။ ငါတုန်းကလည်း ၀မ်းနင် ဘာလုပ်ပေးပေး စိတ်အလိုမကျဘူး။ အဲ့လို ဒေါသထွက်တယ်။
ကျန်းချန် - စောက်ဆန်းကြီး
မော့ - ငါ အခုမှ စဉ်းစားမိတယ်။ ကျန်းချန်
ကျန်းချန် - ဘာလဲ။
မော့ - မင်းတို့ ကျန်းမျိုးနွယ်က ယောကျာ်းလေး တွေက ကိုယ်ဝန်ဆောင်နိုင်တယ်နော်။ မင်းလည်း ရှီးချန်ကော ရဲ့ ကလေးလေးကို မွေးပေးနိုင်မှာပေါ့နော်။
မော့ရွှမ်းယွီ စကားဆုံးတော့ ကျန်းချန် တွေဝေသွားသည်။ စန့်တူကော လည်း ကလေးရခဲ့တယ်။ ဇီထျန့် လည်း ကလေးရတယ်။ ဒါဆို ကျွန်တော်ရော ရနိုင်လား။ အင့်ဟင်း ကလေး မလိုချင်ဘူး။ စိတ်ရှုပ်တယ်။
လျဲ့ပင်း - ဟုတ်သားဘဲ။ မင်းတို့ ယူထားတာ ၃ လတောင် ပြည့်တော့မယ်။
ကျန်းချန် - ငါ ကလေး မလိုချင်ဘူး။ တကယ်လို့ ငါ ကိုယ်ဝန်ရလာတယ်ဆိုရင်တောင် ငါဖျက်ချမှာ။
ဝေ့ - ကျန်းချန် မင်းဘာစကားပြောလိုက်တယ်။
ကျန်းချန် - ငါ ကလေး မလိုချင်ဘူး။ စိတ်ရှုပ်လွန်းတယ်။ အဲ့ကလေး သေးသေးလေးကို ပြုစုယုယ ရမှာ ငါ မလုပ်ချင်ဘူး။ ဒါကြောင့် ရလာရင် ငါ သေချာပေါက် ဖျက်ချမှာ။
YOU ARE READING
ချစ်သော ဗီလိန် {ချစ်သော ဗီလိန် }(Completed) {Zawgyi & Unicode}
Fanfictionခင်ဗျားကို တွေ့တိုင်း ကျွန်တော်နာကျင်တယ်။ ဒါပေမယ့် နာကျင်မှုတွေကိုဘဲ ထွေးပွေ့ပြီး ဆူးခင်းထားတဲ့ လမ်းကို ထပ်လျှောက်မိပြန်တယ်။ ကျန်းဝမ်ရင်(ကျန်းချန်) တောင်းပန်ပါတယ်။ မမှတ်မိတဲ့ အတွက် ကိုယ် တကယ်တောင်းပန်ပါတယ်။ မင်းရဲ့ နာကျင်မှုတွေ ကိုယ့်အချစ်တွေနဲ့ ပြန်...