အချိန်တွေ ကုန်လွန်သာဘဲ မြန်လွန်းတာလား။ အခုဆို ကျွန်တော်တို့ အားလုံး First Semester ကို ဖြေဆိုဖို့ ဘယ်လောက်မှ မလိုတော့ဘူး။ ကျောင်းသူ၊ ကျောင်းသား အားလုံး စာကြည့်တိုက်မှာ စာလုပ်တဲ့ လူက လုပ်။ အတန်းထဲမှာ စာလုပ်တဲ့ လူကလုပ်နဲ့။
ဝမ်းနင် - လန်ဝမ့်ကျီး ငါ့ကို ဒီဟာလေး ရှင်းပြပါလား။
လန်ကျန့် - အင်း
ဝမ်းနင် ပြတဲ့ ပုစ္ဆာကို လန်ကျန့်မှာ စိတ်ရှည်လက်ရှည် ရှင်းပြနေသည်။
ကျန်းချန် - Uni ထိ သချာင်္တွက်ရမယ်လို့ မထင်ထားဘူး။
ဟွိုက်ဆန်း - ဒီဂဏန်းတွေ မြင်တာနဲ့ ငါမူးချင်တယ်။
ဝေ့ - လူတွေ အေးဆေးမနေကြဘူး။ သူတို့က အခုတော့ အေးဆေးလို့။ ငါတို့ကျတော့ သူတို့ တီထွင်ခဲ့တဲ့ သီအိုရီတွေ ကို ထိုင်ကျက်နေရတယ်။ မတရားဘူး။
ဝမ်ချင် - ငါတို့ ဗိုက်သွားဖြည့်ရအောင်။
ဝေ့ - ဟုတ်တယ်။ အဲ့အစီအစဉ်ကောင်းတယ်။ လန်ကျန့် သွားရအောင်။
လန်ကျန့် - အင်း
လန်ကျန့် က ထိုင်နေရာမှ ထရပ်ပြီး ဝေ့ရင်းတို့နဲ့ အတူ အခန်းထဲမှ ထွက်သွားခဲ့သည်။ ၀မ်းနင် မှာ စာရှင်းပြရင်း ထထွက်တဲ့ လန်ကျန့်ကြောင့် ကြောင်သွားပြီး နောက်မှ အသိဝင်လာပြီး
ဝမ်းနင် - စာရှင်းပြအုံးမှာလေ။
ကျန်းချန် - ကန်တင်းရောက်မှ ရှင်းပြခိုင်းတော့ လာ သွားမယ်။
ကျန်းချန် ၀မ်းနင်ကို ဂုတ်ကနေ ဆွဲ မလိုက်တော့ ၀မ်းနင်မှာ ယက်ကန်ယက်ကန် နဲ့။ ကန်တင်းထဲ ၀င်တော့မှ ၀မ်းနင်ကို လွှတ်ပေးပြီး သူကတော့ ခပ်တည်တည်နဲ့ ၀င်သွားပြီ
Someone - ဘေးဖယ် ဘေးဖယ်!!
ဝမ်းနင် - အားချန် သတိထား!!
ဝုန်း!! အင့်!!!
ဝမ်ကျားလော့ တစ်ယောက် တိမ်လွှာနန်းမြိုင် ဆိုတဲ့ တက္ကသိုလ်မှာ သစ်သီးလာပို့ခြင်း။ ဖုန်းလာလို့ သစ်သီးလှည်းကို ကန်တင်းအပေါက်က ကုန်းဆင်းမှာရပ်ထားပြီး ဖုန်းပြောနေတုန်း သစ်သီးလှည်းက လိမ့်ဆင်းသွားသည်။ ကုန်းဆင်းဆိုတော့ အရှိန်လည်း များတယ်။ ထိုအချိန် ကောင်လေးတစ်ယောက်က ကန်တင်းထဲ ၀င်လာချိန် နဲ့ သစ်သီးလှည်းက သူ့ဆီ ကို ရောက်ခံနီးပြီ။ ဘေးဖယ်ဖို့ အော်နေပေမယ့် ထိုကောင်လေးက ထိုနေရာမှ ကျောက်ရုပ်လို ရပ်နေသည်။
YOU ARE READING
ချစ်သော ဗီလိန် {ချစ်သော ဗီလိန် }(Completed) {Zawgyi & Unicode}
Fanfictionခင်ဗျားကို တွေ့တိုင်း ကျွန်တော်နာကျင်တယ်။ ဒါပေမယ့် နာကျင်မှုတွေကိုဘဲ ထွေးပွေ့ပြီး ဆူးခင်းထားတဲ့ လမ်းကို ထပ်လျှောက်မိပြန်တယ်။ ကျန်းဝမ်ရင်(ကျန်းချန်) တောင်းပန်ပါတယ်။ မမှတ်မိတဲ့ အတွက် ကိုယ် တကယ်တောင်းပန်ပါတယ်။ မင်းရဲ့ နာကျင်မှုတွေ ကိုယ့်အချစ်တွေနဲ့ ပြန်...