🍀20🍀

1.3K 145 12
                                    

ကျွန်တော်နိုးလာတော့ အရမ်းကို နွေးထွေးလွန်း တဲ့ ကိုကို ရင်ခွင်ထဲမှာ။ ကိုကို မျက်နှာကို အသေးစိတ် သေသေချာချာ စိုက်ကြည့်လိုက်ပြီးနောက် အိပ်ယာမှ အသာထ ရေချိုးခန်းထဲ ၀င်လာလိုက်သည်။ ကိုယ်လက်သန့်စင်ပြီး နောက် ကုတင်နား ပြန့်ကျဲနေတဲ့ အင်္ကျီကိုကောက်ပြီး  ပြန်ဝတ်လိုက်သည်။ ၀ရံတာဘက် ထွက်လာပြီး ဝေ့၀ူရှန့် ဆီ ဖုန်းခေါ်လိုက်တော့ အိပ်ချင်မူးတူး အသံ နဲ့

📲📲📲📲📲

📞ကျန်းချန် အစောကြီး ဘာတုန်း။📞

📞၀ူရှန့် ငါ့ကို လာခေါ်ပေး။📞

📞မင်းကို လာခေါ်ရမယ်။ မင်းအိမ်ကနေ ခြေလှမ်း ဘယ်လောက်မှ လှမ်းရတာမှ မဟုတ်တာကို📞

📞ငါ အိမ်မှာ မဟုတ်ဘူး။📞

📞အာဆို ဘယ်မှာလဲ။📞

📞ကြာပန်းတံခွန်သာ စံအိမ်မှာ 📞

📞ဘာ!! မင်း  ဒါဆို ရှီးချန်ကော နဲ့ အတူတူ ရှိနေတာလား။📞

📞အင်း အဲ့တာကြောင့် မင်း မြန်မြန်လာခေါ်ပေး။📞

📞အင်း အင်း ငါ အခု ထွက်လာပြီ။ မင်း အိမ်ရှေ့ကနေ စောင့်နေ။📞

📞အင်း ဒါဘဲနော်📞

တစ်ဖက်က ပြန်စာကို မစောင့်တော့ဘဲ ဖုန်းချလိုက်သည်။ ၀ရံတာမှာ လက်ထောက် မျက်လုံးကို မှိတ်လိုက်တော့ ချစ်သူဘ၀ က ပျော်စရာကောင်းတဲ့ ဟာတွေက ကို ပြန်မြင်ယောင်လာတော့ မျက်ရည်စက်တွေက မဖိတ်ခေါ်ဘဲ ပါးပြင်ပေါ်သို့ ကျဆင်းလာသည်။

မချစ်မိဖို့ အကြိမ်ကြိမ်တားခဲ့ပေမယ့် ခင်ဗျားကို ချစ်မိသွားခဲ့ပြန်တယ်။ ခင်ဗျားမှာ ဘယ်လို အစွမ်းအစတွေများ ရှိနေလို့ ကျွန်တော် ခင်ဗျားကို စွဲလမ်းသွားအောင် ချစ်မိရတာလဲ။

အိပ်ခန်းထဲ ပြန်ဝင်လာပြီး ကုတင်ပေါ် နှစ်နှစ်ခြိုက်ခြိုက် အိပ်နေတဲ့ ရှီးချန် ကို နှလုံးသားထဲစွဲထင်နေအောင် ကြည့်နေလိုက်သည်။

ကျန်းချန် - ကျွန်တော့်ကို မေ့ပြီး ဘ၀အသစ်ကို ပြန်စပါ။ ကျွန်တော် ထက် ကိုကို့ ကို ပိုချစ်တဲ့လူ ၊ ကိုကို လည်း သူ့ကို ချစ်တယ်ဆို တွဲလိုက်ပါ။ ကိုကို့ ကို ကျွန်တော်က အရင်ဘ၀ကတင် မဟုတ်ဘဲ ဒီဘ၀မှာပါ အရမ်းချစ်တယ် ဆိုတာ သိထားပေးပါ။

ချစ်သော ဗီလိန် {ချစ်သော ဗီလိန် }(Completed) {Zawgyi & Unicode}Where stories live. Discover now