ဆေးရုံကုတင်ထက်ဝယ် လဲလျောင်းနေတဲ့ ကျန်းချန် လက်လေးကို ကိုင်ပြီး အမြန်သတိရလာစေရန် ဆုတောင်းနေမိသည်။ ကျန်းချန် က ကနေဒါမှာ မဟုတ်ဘူးလား။ ဘာလို့ China ကို ရောက်နေရတာလဲ။ ၀မ့်ကျီး တို့ရော သိလား။ တစ်ယောက်တည်း အတွေးထဲ နစ်မျှောနေတဲ့ ရှီးချန် သူ့လက်ကို ပြန်ဆုပ်ကိုင်လာတာတဲ့ အထိအတွေ့ကြောင့် ကြည့်လိုက်တော့ ကျန်းချန် က သတိရနေပြီ
ရှီးချန် - အားချန် သတိရလာပြီလား။ ကိုယ် ဆရာဝန် သွားခေါ်လိုက်မယ် ခနနော်။
ထွက်သွားဖို့ လုပ်နေတဲ့ ရှီးချန် လက်ကို ကျန်းချန် က လှမ်းဆွဲလိုက်သည်။ ရှီးချန် လှည့်ကြည့်လိုက်တော့ သူ့ကို မျက်ရည်တွေဝိုင်းနေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတဲ့ ကျန်းချန် ကြောင့်
ရှီးချန် - အားချန် ဘယ်နားနာနေလို့လဲဟင်။
ကျန်းချန် - ဒီနား
သူ့ဝဲဘက်ရင်အုံပေါ် လက်နဲ့ဖိပြီး ပြောနေတဲ့ ကျန်းချန်။
ရှီးချန် - ကိုယ်ကြောင့်လား တောင်းပန်ပါတယ်။ ကိုယ် ထွက်သွားပေးပါမယ်။
ကျန်းချန် - ခင်ဗျားက ဘာတွေ မှားနေလို့ တောင်းပန်ရတာလဲ။ မှားနေတဲ့သူက ကျွန်တော်ပါ။ ကျွန်တော် ကဘဲ တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်။
ရှီးချန် - အားချန် မငိုနဲ့လေ။ ကိုယ့်ကို မတောင်းပန်နဲ့နော်။ ကိုယ်က အားချန် ဘာလုပ်လုပ် ခွင့်လွှတ်ပေးပြီးသား။ မငိုနဲ့ တိတ်တိတ် ခေါင်းကိုက်နေလိမ့်မယ် နော်။ မငိုနဲ့။
ကျန်းချန် ပါးပြင်ပေါ်က မျက်ရည်တွေကို သုတ်ပေးပြီး ကလေးချော့သလို ချော့မြူလိုက်တော့ ရင်ခွင်ထဲ တိုးဝင်လာတဲ့ ကလေးလေး။ ကျွန်တော်လည်း ပြန်လည်ထွေးပွေ့ပြီး ကျောလေးကို ခပ်ဖွဖွ ပုတ်ပေးလိုက်ည်။ ၁၅ မိနစ်လောက်ကြာမှ ဖပ်ထားရာကနေ ခွာလိုက်ပြီး
ရှီးချန် - ကိုယ် ဆရာဝန် သွားခေါ်လိုက်အုံးမယ်နော်။ ခန လဲနေလိုက်။
ကျန်းချန် - ဟုတ်
ကျွန်တော် သူ့ခေါင်းလေးကို ပုတ်ပေးလိုက်ပြီး ဆရာဝန်သွားခေါ်လိုက်သည်။ ဆရာဝန် က အားချန် ကို စစ်ဆေးစရာရှိတာ စစ်ဆေးပြီးနောက် ဆေးရုံက ဆင်းချင် ဆင်းလို့ ရကြောင်း ပြောလာတော့ ဟိုကလေးက တန်းကို ခေါင်းငြိမ့်တော့တာဘဲ။ ဆေးရုံဆင်းဖို့ အကုန်လည်း ကျွန်တော်ဘဲ လုပ်ပေးလိုက်ရသည်။
YOU ARE READING
ချစ်သော ဗီလိန် {ချစ်သော ဗီလိန် }(Completed) {Zawgyi & Unicode}
Fanficခင်ဗျားကို တွေ့တိုင်း ကျွန်တော်နာကျင်တယ်။ ဒါပေမယ့် နာကျင်မှုတွေကိုဘဲ ထွေးပွေ့ပြီး ဆူးခင်းထားတဲ့ လမ်းကို ထပ်လျှောက်မိပြန်တယ်။ ကျန်းဝမ်ရင်(ကျန်းချန်) တောင်းပန်ပါတယ်။ မမှတ်မိတဲ့ အတွက် ကိုယ် တကယ်တောင်းပန်ပါတယ်။ မင်းရဲ့ နာကျင်မှုတွေ ကိုယ့်အချစ်တွေနဲ့ ပြန်...