အပိုင်း ၁၁ မှာ ရှီးချန် အရင်အကြောင်းတွေ ပြန်သိလာတဲ့ အခန်းရဲ့ အဆက်
//*ရီပေါ် - ချူးလင်
ချူးလင် - ရီပေါ် ကော။ ချူးလင် ကို အပြင်းစားအရက်တစ်ခွက်လောက်။
ရီပေါ် - အယ် မသောက်နဲ့လေ။ ကျိုးချန် က အစ်ကို့ ကို လာသတ်မှာပေါ့။
ချူးလင် - ကျိုးချန်ကော လား။ ကျိုးချန်ကော က ချူးလင် ကို မုန်းနေတာလေ။
ရီပေါ် - တကယ်တော့ ကျိုးချန် ကလည်း ချူးလင် ကို ချစ်ပါတယ်။ ချူးလင် မားမားကြောင့် သာ သူပြောင်းလဲသွားတာ။
ချူးလင် - ချူးလင် သိပါတယ်။ ပါးပါး က ချူးလင်ကို ပိုဂရုစိုက်ပြလေ ကျိုးချန်ကော က ချူးလင်ကို ပိုမုန်းလေ။ ဒါပေမယ့် ကျိုးချန် ကော မျက်ဝန်းတွေထဲမှာ ချူးလင်ကို ချစ်သေးတဲ့ အရိပ်အယောင်တွေ တွေ့ရတုန်း။
ရီပေါ် - အင်း။ ဒါနဲ့ အစ်ကိုဟိုင်ခွမ်း နဲ့ ချူးလင်
ချူးလင် - ဟိုင်ခွမ်းကော ကို ချူးလင် မချစ်တော့ပါဘူး။ ဟိုင်ခွမ်းကော က အခု ကျိုးချန်ကော ရဲ့ ယောကျာ်းဖြစ်နေပြီလေ။ ချူးလင် ကျိုးချန်ကော ကို ပျော်စေချင်တယ်။သူတို့ အဆင်ရော ပြေရဲ့လား။
ရှောင်ကျန့် - မပြေဘူး။
စကားသံနဲ့ အတူ ချူးလင် ဘေး ၀င်ထိုင်လိုက်တဲ့ ရှောင်ကျန့်။
ရှောင်ကျန့် - အစ်ကိုဟိုင်ခွမ်း က ကျိုးချန် ကို အရမ်းမုန်းနေတာ။ ချူးလင် နဲ့ သူ့ကြားထဲ ၀င်ရှုပ်တဲ့ လူဆိုပြီး။
ချူးလင် - ချူးလင် ကျိုးချန်ကော ကို တွေ့ချင်တယ်။
ရီပေါ် - Club အပေါ်ဆုံးထပ်မှာ
ချူးလင် - ချူးလင် သွားလိုက်ပါအုံးမယ်။
ချူးလင် ယိုင်တိ ယိုင်တိုင်နဲ့ club ရဲ့ အပေါ်ဆုံးထပ်ကို ထွက်သွားလေသည်။ Club အပေါ်ဆုံးထပ်ရဲ့ အရေးပေါ် လှေကားအကွေ့နားမှာ ကျိုးခန်ကော က ဆေးလိပ်သောက်နေတာကို တွေ့လိုက်သည်။
ချူး လင် - ကျိုးချန်ကော
ကျိုးချန် အေးအေးဆေးဆေး နေချင်တာကြောင့် အပေါ်ဆုံးထပ်မှာ ဆေးလိပ်သောက်နေတာ အခုဆို ၄ ဗူးမြောက်တောင် ရှိနေပြီ။ တစ်ကိုယ်လုံးလည်း ဆေးလိပ်နံ့တွေ မွှန်ထူလို့။ နားထဲ ခေါ်သံကြားလို့ လှည့်ကြည့်လိုက်တော့ ယိုင်တိယိုင်တိုင် နဲ့ သူဆီလာနေတဲ့ ချူးလင်။ ကျစ် ဒီကလေးမ Club လာပြီး သောက်ရသလား။
YOU ARE READING
ချစ်သော ဗီလိန် {ချစ်သော ဗီလိန် }(Completed) {Zawgyi & Unicode}
Fanfictionခင်ဗျားကို တွေ့တိုင်း ကျွန်တော်နာကျင်တယ်။ ဒါပေမယ့် နာကျင်မှုတွေကိုဘဲ ထွေးပွေ့ပြီး ဆူးခင်းထားတဲ့ လမ်းကို ထပ်လျှောက်မိပြန်တယ်။ ကျန်းဝမ်ရင်(ကျန်းချန်) တောင်းပန်ပါတယ်။ မမှတ်မိတဲ့ အတွက် ကိုယ် တကယ်တောင်းပန်ပါတယ်။ မင်းရဲ့ နာကျင်မှုတွေ ကိုယ့်အချစ်တွေနဲ့ ပြန်...