" wow ... မိုက်လိုက်တာ အခန်းကြီးက
အကျယ်ကြီးပဲ ... နောက်ဆုံးတော့လည်း MBT မှာ နေခွင့်ရသွားပြီပေါ့ ... ဟီးဟီး ပျော်လိုက်တာ အဖေနဲ့အမေလည်း သိရင်ပျော်မှာပဲ "အခန်းထဲကို ဝေ့ဝဲကြည့်ပြီး ပျော်ရွှင်မြူးတူးစွာ
ပြောနေသည့် မိန်းကလေးက ဆိုဖာပေါ်ကို
အားရပါးရ ထိုင်ချလိုက်လေသည်။ ဒါကို jijiလည်း ပြုံးရင်း ကြည့်နေပြီး လွယ်ထားတဲ့
ကျောပိုးအိတ်ကို ဆိုဖာပေါ်ချထားလိုက်သည်။ jijiနဲ့အတူတူ တစ်ခန်းထဲနေခွင့်ရသည့်
အခန်းဖော်က jiji ထပ် ၃ နှစ်ငယ်သည့်
kookie ဆိုသည့် မိန်းကလေးပါပဲ။ သူ့ကို
ကြည့်ရတာ တကယ့်ကလေးသာသာပါပဲ ။
ဒါပေမယ့် အရည်အချင်းက ကလေးသာသာ
မဟုတ်တော့ အခုလို MBT မှာ နေခွင့်ရသွား
ခဲ့တာပေါ့။ MBT မှာ နေခွင့်ရလို့ သူပျော်နေတာ
သိသာပါတယ်။သူပျော်သလို jiji လည်း ပျော်ပါသည် ။
ဒါပေမယ့် jiji မှာ အတူတူပျော်ပေးစရာ
အဖေနဲ့အမေ မရှိတော့ပါဘူး ။ မိသားစုဆိုလို့
မမ holy တစ်ယောက်ထဲပဲ ရှိတာ။ မမကလည်း အခု jijiအနားမှာ ရှိမနေပေးနိုင်ပါဘူး။
အနားမှာမပြောနဲ့ korea နိုင်ငံမှာတောင်
မရှိပါဘူး။ ဒါကြောင့် jiji အတွက် ပျော်ပေး
မယ့်သူ တစ်ယောက်မှ မရှိပါဘူး ။
သြော် ...
တစ်ယောက်တော့ရှိတယ် ။
Jijiရဲ့ bff လက်ထောက်ဆရာဝန်လေး kim taehyung ပေါ့ ။
အခုဆိုရင် jiji က MBT မှာ နေခွင့်ရပြီ
ဆိုတာကို သူလည်း TV ကနေကြည့်ရလို့
သိလောက်ပြီပေါ့ ။ သူ ဖုန်းဆက်ပြီး ဝမ်းသာစကားမပြောသေးပုံထောက်ရင် သူဂျူတီရှိနေ
တယ်ထင်ပါတယ် ။ ဒါပေမယ့် သူဖုန်းဆက်လာမှာကို jiji သေချာပေါက် သိပါတယ်။" မမ နာမည်က ဘယ်သူလဲဟင် "
Jiji အတွေးလွန်နေရင်း ဘေးနားက စကားသံကြားရာကို လှည့်ကြည့်ကာ ပြုံးပြလိုက်ပြီး
" park jiji ပါ မမ jiji လို့ခေါ်လို့ရပါ
တယ် "" wow ... မမ နာမည်က လှတယ်နော် "
" ကျေးဇူးတင်ပါတယ် "
" ညီမက kookie ပါ jeon kookie "
" kookie နာမည်လည်း လှတာပါပဲ "
" ဟီးဟီး .. ကျေးဇူး မမ ၊ မမ MBT မှာ နေရတာ ပျော်လားဟင် "
" ပျော်တာပေါ့ မပျော်တဲ့သူ ဘယ်ရှိပါ့မလဲ "