အပိုင်း ( ၁၅ )

203 24 0
                                    

" ဘာပဲဖြစ်ဖြစ် တွေ့ရတာဝမ်းသာပါတယ်
park jiji . . "

" sorry နော် . . mr.min က jiji ကို အရမ်း
သဝန်တိုတတ်တော့ jiji က ဘယ်ယောက်ျားနဲ့မှ အသားချင်း မထိပါဘူး . . "

" သြော်! ကလေးကလဲ လက်ဆွဲနှုတ်ဆက်
တာတော့ ရပါတယ် . . "

mr.min က mr.bang ကို အားနာသလို
ပြောပေမယ့် jiji ကတော့ ပြုံးရုံသာ ပြုံးနေ
လိုက်သည် ။ mr.bang ကလဲ အနည်းငယ်
စိတ်ကွက်သွားပေမယ့် ဘာမှမဖြစ်သလ်ို ပြုံးပြီး လက်ပြန်ရုတ်သွားပါသည် ။

" mr.min . . မင်းတို့အတွဲက အရမ်းကို အချစ်ပိုပြလွန်းတယ်လို့ မထင်ဘူးလားကွာ . . မင်းဘယ်လောက်တောင် သဝန်တိုထားလို့ သူက ငါ့ကိုတောင် လက်ဆွဲမနှုတ်ဆက်နိုင်ရတာလဲ . . ငါတို့လင်မယားတောင် အဲ့လောက်အဖြစ်မသည်းဘူး . . "

" အိမ်ထောင်သည်အချစ်နဲ့ ချစ်သူအချစ်က
ဘယ်တူပါ့မလဲ . . အိမ်ထောင်သည်ဖြစ်ရင်
အသက် ငယ်ငယ်၊ ကြီးကြီး . . နဲနဲတော့
တည်ငြိမ်ရင့်ကျက်ရတာပဲ ၊ ချစ်သူတွေကတော့ ဘယ်အချိန်ဖြစ်ဖြစ် လန်းဆန်းတက်ကြွပြီး ပျော်ပျော်ရွှင်ရွှင် ချစ်လို့ရတယ် . . ဂိတ်ဆုံးထိ ချစ်ပြလို့ရတယ် ၊ ဟုတ်တယ်နော် မမ . . "

" ဟမ် ! . . ဟုတ်ပါတယ် . . "

Jiji က mr.min ကိုယ်စား သွက်လက်စွာပင်
ပြောပြီး suzy ကိုပါ အဖော်ဆွဲထည့်လိုက်သေး
သည် ။ suzy ကလဲ ကြောင်တောင်တောင်နဲ့
ခေါင်းညိမ့်ရှာပါသည် ။
ထိုအချိန်မှာပဲ အခန်းထဲကို စားပွဲထိုးတွေက
စားစရာပန်းကန်တွေကိုင်ကာ ဝင်လာပြီး
လူလေးယောက်စာအတွက် အကျအန
ပြင်ဆင်ခင်းကျင်းပေးကာ ပြန်ထွက်သွားပါ
သည်။

mr.min က jiji ရှေ့က မရောနိစ် ဆမ်းထား
သည့် အမဲသားကင် ပန်းကန်ကို ယူပြီး
တစ်ကိုက်စာလေးတွေရအောင် အဆင်သင့် လှီးဖြတ်ပေးနေပါသည် ။
ဒါကိုတွေ့တော့ suzy ကလဲ နှုတ်ခမ်းလေး
ဆူပုပ်ရင်း သူ့ပန်းကန်ကို mr.bang ရှေ့သ်ို့
ထိုးပေးလ်ိုက်ပါသည် ။ mr.bang ကလဲ
ခေါင်းညိမ့်ပြီး ပန်းကန်ထဲက အသားတွေကို
လှီးဖြတ်ပေးလိုက်ရသည် ။
အသက်ငယ်တဲ့ မိန်းကလေးတွေနဲ့ ဘယ်တော့မှ မတွဲဘူးဆိုတဲ့ လူက အခုကျတော့ ကိုယ်တိုင် အစားအသောက် လှီးဖြတ်ပေးတဲ့အထိ လုပ်ပေးနေတော့ mr.bang လဲ အနည်းငယ် မျက်စိဆံပင်မွှေး ဆူးနေပါသည် ။

ကလေးကြောင့်ချစ်တတ်ပြီ(completed)Where stories live. Discover now