အပိုင်း ( ၁၉ )

190 25 0
                                    

ဧည့်ခန်းထဲက ဆိုဖာခုံမှာထိုင်ရင်း ဖုန်းထဲက
video ဖိုင်ကိုကြည့်ကာ mr.bang တစ်ယောက် အမူအယာထိန်းမနိုင်အောင် စိတ်တွေ ကယောင်ကတမ်း ဖြစ်နေမိသည် ။

park ​jiji ဆိုတဲ့ မိန်းကလေးရဲ့ ဒေါသ
တကြီး ပြောဆိုနေသည့် video . .
mr.min ကို ပါးရိုက်ပြီး ဝိုင်တွေနဲ့ ခေါင်းပေါ်
လောင်းချသည်အထိ လုပ်တဲ့ video . .
တော်တော်ဆိုးရွားတာပဲ . . .
ဒီ့ထပ်ဆိုးရွားတာက . . park jiji ရဲ့
ပြောစကားထဲမှာ mr.bang ဆိုတဲ့ နာမည်ကပါ ပါနေခြင်းဖြစ်သည် ။
ထင်ထားတဲ့ အတိုင်းပါပဲလား . .
တကယ်ကို ထင်ထားတဲ့အတိုင်းပါပဲ . .
ဒီကောင်မလေးက jung holy ရဲ့ ညီမဆိုတာကို သိလိုက်ရကတည်းက မကြာခင်မှာ ဆိုးရွားတဲ့ ပြဿနာတွေ ဖြစ်လာတော့မယ်ဆိုတာ ရိပ်မိခဲ့သည် ။ အခုတော့ တကယ်ဖြစ်လာခဲ့ပြီ ။ဘယ်လိုလုပ်မလဲ ။ သူက တကယ် ထုတ်ပြောလိုက်ရင် mr.bang ရဲ့ ဂုဏ်သိက္ခာတွေအားလုံး ဆုံးဆုံးမြုပ်သွားမှာ ။
ဒါ့အပြင် . . . ဘာမှမဆိုင်တဲ့ mr.min ကပါ
လူတွေရဲ့ အထင်အမြင်လွဲတာ ခံရတော့မယ် ။

" ဘာတွေကြည့်နေတာလဲ "

" ဟင် ! သြော် . . ဘာမှမဟုတ်ပါဘူး . . "

ရုတ်တရက် အနားကိုရောက်လာသည့် suzy က mr.bang ရဲ့ လက်ထဲကဖုန်းကို ကြည့်နေတော့ mr.bang လည်း လျင်မြန်စွာပဲ ဖုန်းကိုပိတ်ပြီး ဘေးသို့ချထားလိုက်သည် ။
ဒါပေမယ့် စိတ်မြန်သည့် suzy က mr.bang ရဲ့ဖုန်းကို ဆတ်ခနဲကောက်ယူကြည့်လိုက်သည် ။

ဖုန်းထဲက video ကိုကြည့်နေရင်း suzy
မျက်နှာက အံ့သြသလိုဖြစ်သွားတော့
mr.bang လည်း ချက်ချင်းပဲ မတ်တပ်ရပ်ကာ ဖုန်းကိုဆွဲယူဖို့ လုပ်ပေမယ့် suzy က
တစ်ဘက်သို့လှည့်ပြီး video ကို အပြီးထိ
သေချာကြည့်နေသည် ။ mr.bang လည်း
suzy သိသွားမှာကို စိုးရိမ်ပြီး suzy လက်ထဲက ဖုန်းကို မရမက ပြန်ဆွဲယူကာ

" ဒါက . . ဘာမှမဟုတ်ပါဘူး . . "

" ဘာကို ဘာမှမဟုတ်ဘူးလဲ ၊ ဒီမိန်းကလေးက ဘာလို့ ရှင့်အကြောင်းကို ထည့်ပြောနေရတာလဲ.. ရှင်နဲ့ mr.min ဘာတွေလုပ်ထားလို့လဲ . . ရှင်တို့နှစ်ယောက် ဘာတွေလုပ်ထားလို့ သူက ဒီလောက်ထိ ပြောဆိုနေရတာလဲ . . "

" suzy . . မင်း ကိုယ့်ကိုတောင် မယုံတော့
ဘူးလားကွာ ၊ ဘာမှမဟုတ်ပါဘူး ဆိုမှပဲ "

ကလေးကြောင့်ချစ်တတ်ပြီ(completed)Where stories live. Discover now