အပိုင်း ( ၉ )

288 33 2
                                    

" အား ! . . ဗိုက်က အရမ်းနာတယ် အား "

" ဟဲ့ ! tae ! . . တစ်ခုခုလုပ်ဦးလေ ! mr.min
ဘာဖြစ်နေတာလဲ မသိဘူး ! . . . "

" သေပလေ့စေဟာ "

tae က သေပလေ့စေလို့ပြောတော့ jiji က
မျက်လုံးပြူးပြီး ကြောင်ကြည့်နေပါသည်။
ထိုအချိန် mr.min က ကြမ်းပြင်ပေါ် လဲနေရင်း ပြန်ထလာကာ ထိုင်ခုံမှာ ထိုင်ပြီး tae ကို
မကျေနပ်သလို စိုက်ကြည့်ကာ ချောင်းတစ်ချက် ဟန့်လိုက်သည်။

" အခု ဘာမှမဖြစ်တော့ဘူး . . ဗိုက်က ခဏပဲ
နာတာ . . "

" တကယ် မနာတာရော ဟုတ်ရဲ့လား . . ဘာလို့ဗိုက်နာတာလဲသိရအောင် ဆေးစစ်ကြည့်ပါလား "

" ဆေးစစ်ဖို့ မလိုဘူး . . လိမ်တတ်တဲ့ လူတွေက အဲ့လိုပဲ ချက်ချင်းကြီး ဟိုနေရာက နာလိုက်၊ဒီနေရာက နာလိုက် ဖြစ်တတ်တယ် . . "

" ဟမ် ! . . ဘာကိုလိမ်တာလဲ "

tae စကားကို jiji က နားမလည်သလို
ကြောင်တောင်တောင်လေး မေးနေတော့
mr.min က စိတ်မလုံမလဲ ဖြစ်ရင်း မျက်နှာလွှဲ
နေပါသည်။ tae ကလည်း ဘာမှမပြောတော့ဘဲjiji ကို ရေခွက်ပေးလိုက်တော့ jiji က
လက်ထဲက ဆေးလုံးတွေကိုကြည့်ပြီး နှုတ်ခမ်းဆူကာ မသောက်ချင်ဘဲ ကြိတ်မှိတ်သောက်
လိုက်ရသည်။

ထိုစဉ် . . ။
Jiji ရှိနေရာ ကုတင်ဆီသို့ဒေါက်ဖိနပ်သံ တဒေါက်ဒေါက်က ရွေ့လျားလာနေသည်ကို သတိထားမိပြီး ထိုဒေါက်ဖိနပ်ပိုင်ရှင်ကို လှန်းကြည့်လိုက်လေသည်။
Jiji ရှိနေသည့် ကုတင်နားကို ဒေါက်ဖိနပ်သံ
ပေးကာ ကျော့ကျော့မော့မော့လေး လျှောက်လာသည့် သူကတော့ mina ပဲ ဖြစ်သည်။
mina က လက်တလုံးကြိုးပါသည့် ကိုယ်ကျပ်
အင်္ကျီတိုကိုဝတ်ထားပြီး စကပ်ကလည်း ဖွေးနု
နေသည့် ပေါင်သားတွေကို အထင်းသားမြင်နေ
ရပါသည်။
mina က tae နားမှာ မတ်တပ်ရပ်လာတော့
tae က mina ကို ဘယ်သူလဲဟူသည့်
အကြည့်နှင့် ကြည့်နေပါသည်။
mr.min ကလည်း မင်းဒီကိုဘာလာလုပ်တာလဲ
ဟူသည့်အကြည့်နှင့် စိတ်မကြည်သလို ကြည့်
နေသည်။
mina ကတော့ ယောက်ျားနှစ်ယောက်လုံးရဲ့
အကြည့်ကို လုံးဝဂရုမစိုက်ဘဲ jiji ကို ပြုံးပြ
ကာ ချိုသာသည့်လေသံနှင့်ပြောလိုက်သည်။

ကလေးကြောင့်ချစ်တတ်ပြီ(completed)Where stories live. Discover now