အပိုင်း ( ၁၀ )

348 31 6
                                    

" ကောင်းသောညလေး ဖြစ်ပါစေနော် . . . "

" အင်း . . တာ့တာ . . "

အခန်းတံခါးဝရှေ့မှာ မတ်တပ်ရပ်နေသည့်
mr.min က သူ့က်ို လက်ပြနှုတ်ဆက်နေသည့် jiji နားသို့ တိုးသွားပြီး အနမ်းတပွင့် ထပ်မံ
ပေးလိုက်ပြန်ပါသည်။ jiji ကလည်း မျက်လုံး
မှိတ်ပြီး ငြိမ်ပေးနေလိုက်သည်။ ညအိပ်ဖို့
နှုတ်ဆက်နေတာတောင်မှ အနမ်းတွေပေးလို့
မပြတ်နိုင်ပါလားနော် . . ။

" အိပ်ပျော်အောင် အိပ်နော် . . "

" အင်းပါ . . "

" ချစ်တယ် . . "

" အင်း . . Jiji ရောပဲ . . "

" အတူတူ အိပ်ချင်လား . . "

" ဟင် ! . .  ဟင့်အင်း မအိပ်ချင်ပါဘူး ! "

မျက်လုံးပြူးကာ အထိတ်တလန့် ငြင်းဆန်သည့် jiji ကိုကြည့်ပြီး mr.min သဘောကျစွာ
ပြုံးလိုက်မိသည်။

" ဘာဖြစ်လို့လဲ ၊ ကိုက်စားမှာ ဆိုးလို့လား "

" ကိုက်စားတာထပ် ပိုဆိုးလိမ့်မယ် ၊ လုံးဝ
မအိပ်ဘူး . . အခုတောင် နမ်းလို့ မပြီးနိုင်တာ "

" သြော် . . နမ်းတာကို မကြိုက်လို့လား "

" အဲ့လိုတော့ မဟုတ်ပါဘူး . . . "

နှုတ်ခမ်းလေးဆူရင်း အသံခပ်တိုးတိုးနှင့်
ရှက်သွေးဖြာကာ ပြောနေသည့် jiji ကို
mr.min ပြုံးပြီး ကြည့်နေသည်။ ဒီ ချစ်စရာ
ကလေးမရဲ့ နှုတ်ခမ်းလေးကို နမ်းလို့ မဝနိုင်ဘူး
ဆိုရင် ပိုမှန်ပါလိမ့်မည်။

" ကဲ . . နောက်ဆုံး တစ်ခေါက် . . "

" ဟင့် . . တော်ပါတော့ အခန်းပြန်ပြီး အိပ်ပါတော့ . . "

အနမ်းပေးဖို့ ရှေ့တိုးလာသည့် mr.min ရဲ့
ရင်ဘက်ကို jiji လည်း ပြန်တွန်းထုတ်ရင်း
တောင်းပန်နေမိသည်။ ဒါပေမယ့် မရပါဘူး ။
Jiji နှုတ်ခမ်းဖူးဖူးလေး ပိပြားသွားတဲ့အထိ ထိကပ်ပြီး အနမ်းခံလိုက်ရပြန်သည်။
mr.min က အခုကျတော့လည်း ချစ်တတ်နေလိုက်တာများ . . အရင်က jiji ကို ခပ်ချေချေ ဆက်ဆံခဲ့သည့်လူ မဟုတ်သလိုပင် . . ။

" good night my love . . "

" ok . . . "

နောက်ဆုံးတော့လည်း နှုတ်ဆက်လို့ ပြီးသွားပြီး
mr.min လည်း သူ့အခန်း သူပြန်သွားသည်။
ဒီတော့မှ jiji လည်း အခန်းတံခါးပိတ်ပြီး
အိပ်ခန်းထဲ ဝင်လာခဲ့သည်။
ဒီညတော့ တော်တော်နှင့် အိပ်ပျော်မှာ မဟုတ်။
ရင်ခုန်၊ နွေးထွေး၊ စိတ်လှုပ်ရှားစရာတွေက
များလွန်းနေတာကိုး ။
ဒီနေ့ည ၁၀ နာရီက mr.min နဲ့ jiji ရဲ့
ချစ်သူစဖြစ်တဲ့နေ့ပဲ ။
ပြီးတော့ ပထမဆုံးအနမ်း ၊ မဟုတ်သေးဘူး . .
ဒုတိယမြောက် အနမ်း . . ။
ဒါပေမယ့် ဒီအနမ်းက တကယ် အချစ်စစ်နဲ့
ပေးတဲ့ အနမ်းမို့ . . ပိုပြီး စိတ်ကြည်နူးဖို့ ကောင်း
ပါသည်။
နောက်ဆုံးတော့လည်း . . Jiji သိပ်ချစ်ရတဲ့
mr.min နဲ့ ချစ်သူဖြစ်သွားခဲ့ပြီပေါ့ . . ။
ဒီနေ့ဟာ jiji ဘဝမှာ အပျော်ရွှင်ရဆုံး
နေ့တစ်နေ့ပါပဲ . . . ။

ကလေးကြောင့်ချစ်တတ်ပြီ(completed)Where stories live. Discover now