အပိုင်း ( ၁၇ )

183 24 0
                                        

" ဟင် ! အမ holy ပဲ ! Jiji ပြောတော့
အမ holy က မလာဘူးဆို . . wow ! . .
အမ holy မတွေ့ရတာကြာပေမယ့် လုံးဝ
မပြောင်းလဲသွားဘူးပဲ . . ဒါပေမယ့်
အသက်ကြီးမှ ပိုတောင်ချောလာသလိုပဲ . . "

ဖုန်းထဲမှတဆင့် ကြည့်နေသည့် tae က
holy ကိုမြင်တော့ တအံ့တသြနဲ့ ပြောဆိုနေ
သည် ။

" wow ! . . holy ပဲ သူ့ကိုအရမ်းကြိုက်တာ "

" သူပျောက်နေတာ တော်တော်ကြာပြီ . .
အခုမှ ရုတ်တရက်ကြီး ဘာလို့ . . . "

kookie နဲ့ jinne ကလည်း holy ကိုတွေ့ပြီး
တအံ့တသြနဲ့ တီးတိုးပြောနေကြသည် ။
Jiji ကတော့ ဘာစကားမှ မပြောနိုင်ဘဲ
ပရိသတ်တွေကြားထဲက holy ကို မျက်လုံး
အဝိုင်းသားနဲ့ ငေးကြည့်နေမိသည် ။

မမက ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ ။
ပြောတော့ လုံးဝ မလာနိုင်ဘူးဆို ။

holy က jiji ကို ကြည့်နေပြီး ဒိုင်လူကြီးတွေ
ရဲ့ ထိုင်ခုံနေရာကို ကျော်တက်ကာ စင်ပေါ်သို့
တဖြေးဖြေးချင်း တက်သွားပါသည် ။
mr.min နဲ့ mr.bang ကလည်း  holy ကို
ဘာများလုပ်မလို့လဲဆိုသည့် အကြည့်နှင့်
သေချာလိုက်ကြည့်နေပါသည် ။
holy က စင်ပေါ်ရောက်တော့ MC ဆီက
မိုက်ကို တောင်းလိုက်ပါသည် ။ MC ကလည်း
holy ကို ပါးစပ်အဟောင်းသားနှင့် တအံ့တသြကြည့်နေရင်း မိုက်ကိုပေးလိုက်ပါသည် ။

" မင်္ဂလာပါ . . ကျွန်မ jung holy  ပါ . . "

holy က jiji ကို တစ်ချက်ကြည့်ပြီးတော့
မျက်နှာပြန်လွှဲရင်း စင်အောက်က ပရိသတ်တွေကို နှုတ်ဆက်လိုက်တော့ ပရိသတ်တွေက
ဘာအသံမထွက်ဘဲ စိုက်ကြည့်နေကြသည် ။
holy က jiji ရဲ့ အနားကိုသွားပြီး ပုခုံး
ဖက်လိုက်ရင်း

" ကျွန်မက park jiji ရဲ့ အမပါ . . "

" ဟင် ! . . "

" တကယ်ကြီးလား ! . . "

" မင်းသမီး holy က jiji ရဲ့ အမလား ! "

" မဖြစ်နိုင်တာ ! . . ဟုတ်ပါ့မလား ! . . "

" သူတို့က မျိုးရိုးနာမည်ချင်းမှ မတူတာ ! . .
ဘယ်လိုလုပ် ညီအမလဲ . . "

ပရိသတ်တွေဆီက တအံ့တသြ မယုံနိုင်သလို
ပြောဆိုနေကြရင်း jiji နဲ့ holy ကို စ်ိုက်ကြည့်
နေကြသည် ။ jiji ကလည်း holy ကို
မယုံနိုင်သည့် အမူအယာနှင့် ငေးကြည့်နေမိ
သည် ။

ကလေးကြောင့်ချစ်တတ်ပြီ(completed)Where stories live. Discover now