တစ်လမ်းလုံး ဘာစကားမှ မပြောဘဲ အိမ်ထဲကို အရင်ဆုံး ဝင်သွားသည့် jiji ကို ကြည့်ကာ
holy က jack ကို လှည့်ကြည့်လိုက်ရင်း" ဒါလင် ၊ ဟန်နီ့ကို လမ်းထိပ်က စတိုးဆိုင်မှာ
မုန့်တစ်ခုလောက် သွားဝယ်ပေးပါလား "" ဟင် ၊ ဘာမုန့်လဲ "
" ဘာမုန့်ပဲ ဖြစ်ဖြစ်ပါ ၊ အိမ်ကိုတော့ ချက်ချင်း ပြန်မလာနဲ့ဦး . . "
holy က jiji နဲ့နှစ်ယောက်ထဲ စကားပြောချင်
လို့ တမင်ရှောင်ခိုင်းမှန်း သဘောပေါက်တာနဲ့ jack လည်း ခေါင်းညိမ့်လိုက်ရင်း" အင်းပါ . . အဲ့ဒါဆို ကိုယ်သွားပြီ "
" အင်း "
holy အိမ်ထဲဝင်လာတော့ ဧည့်ခန်းဆိုဖာပေါ်မှာ ထိုင်နေရင်း တစ်ခုခုကိုတွေးငေးကာ မျက်နှာမကောင်းဖြစ်နေသည့် jiji ကိုတွေ့တော့ holy သက်ပြင်းတစ်ချက်ချရင်း jijiရဲ့ အနားကို လျှောက်သွားလိုက်သည် ။
" jiji . "
" မမ . . Jiji ဘယ်လိုလုပ်ရမလဲ . .
ဘယ်လိုဆုံးဖြတ်ချက်ချရမလဲ . .jiji လုံးဝ
မတွေးတတ်တော့ဘူး မမရယ် . . . "holy ဘာမှမပြောရသေးခင် jiji က holy
ရင်ခွင်ထဲ ခေါင်းထည့်ကာ ငိုမဲ့မဲ့နဲ့ပြောနေသည်။
holy လည်း jiji ကျောပြင်ကို နှစ်သိမ့်သလို
ပွတ်သပ်ပေးရင်း" အရင်ဆုံးတွေးရမှာက jiji ရဲ့ ဗိုက်ထဲက
ကလေးလေးအတွက်ပဲ . . ဒီကလေးကို
မွေးမှာလား မမွေးဘူးလားဆိုတာ ဆုံးဖြတ်ရ
လိမ့်မယ် ၊ တကယ်လို့ မမွေးဘူးဆိုရင်တော့ "" ဟင့်အင်း ၊ jiji ကလေးကိုတော့ မဖျက်ချ
ချင်ဘူး . . ကလေးမှာ ဘာအပြစ်မှ မရှိဘူးလေ ပြီးတော့ . . ဒီကလေးက . . . "" မမ နားလည်ပါတယ် ၊ jiji က mr.min ကို
ချစ်နေတုန်းပဲမှတ်လား ၊ ကိုယ်ချစ်ရတဲ့သူကို
မေ့ပြစ်ဖို့ အရမ်းခက်ခဲတယ်ဆိုတာလည်း
နားလည်တယ် . . ချစ်တဲ့သူရဲ့ ကလေးကိုလည်း မစွန့်ပစ်ချင်ဘူးမှတ်လား . . ဒါဆိုရင်တော့ ဒီကလေးကို မွေးရမှာပေါ့ . . . မမ ရှိနေတာပဲ.. ဘာမှ စိတ်မပူပါနဲ့ . . "" ဒါပေမယ့် . . Jiji မှာ ကိုယ်ဝန်ရှိနေတာ
mr.min ကို မသိစေချင်ဘူး ၊ အခု သူက ဆေးရုံပေါ်မှာဆိုပေမယ့် တကယ်လို့ သူသတိရလာရင်.. jiji အကြောင်း ဘာမှမသိစေချင်ဘူး . .
Jiji က သူ့ရဲ့ ကလေးကိုမွေးတယ်ဆိုတာ . .
လုံးဝ မသိစေချင်ဘူး မမ . . "