အပိုင်း ( ၁၃ )

272 27 1
                                        

ဝိုင်ပုလင်းထဲမှ ဝိုင်ကို ဖန်ခွက်ရှည်ထဲငှဲ့ထည့်ပြီး ဆိုဖာပေါ်မှာ ဇိမ်ပြေနပြေထိုင်သောက်နေသည့် mr.min ရဲ့ အကြည့်တွေသည် ရှေ့တည့်တည့်မှ tv ကြီးဆီမှာသာ ရှိပါသည် ။

ဂိမ်းဆော့ပြီးတော့ ပင်ပန်းသွား၍လားမသိ
ချက်ချင်းပင် ကောက်ခါငင်ကာ အိပ်မောကျ
သွားသော jiji ကို tae က စောင်ခြုံပေးပြီး
Jiji မျက်နှာကို အနီးကပ် တစိမ့်စိမ့်ကြည့်နေသည့် မြင်ကွင်းပါ ။

Jiji ကို ဒီလောက်ထိ အကြာကြီး စိုက်ကြည့်
နေတာ အရမ်းရိုင်းတယ်လို့ ထင်မိပါသည် ။
သူများချစ်သူကို ဒီလိုထိုင်ကြည့်နေဖို့တော့
မလိုဘူးလို့လည်း ထင်ပါသည် ။
အခုချိန် အနားမှာသာရှိရင် အဲ့ကောင့်ကို
လက်ထဲက ဝိုင်ခွက်နဲ့ ကောက်ပက်လိုက်ပြီ ။

ဒီ ကလေးကလည်း ယောက်ျားလေးတစ်ယောက်နဲ့ အတူရှိနေတဲ့အချိန်မှာ ဘာကြောင့်များ စိတ်ချလက်ချ အိပ်နိုင်ပါလိမ့် ။
ဘယ်လောက်ပဲ ရင်းနှီးနေတဲ့ သူငယ်ချင်းဖြစ်
နေပါစေ . . ဒီလိုတော့ မအိပ်သင့်ပါဘူး ။

tv မှာ မြင်နေရသည့် မြင်ကွင်းက mr.min ရဲ့
ရင်ဘက်ထဲကို မီးစနဲ့ ထိုးနေသလို ခံစားရတာ
ကြောင့် သောက်လက်စ ဝိုင်ကို ချက်ချင်းပဲ
အကုန်မော့သောက်လိုက်ရင်း ဝိုင်ခွက်ကို
စားပွဲပေါ်သ်ို့ ခပ်ပြင်းပြင်းဆောင့်ချလိုက်သည် ။
ထိုအချိန်မှာပင် jiji ကို အနီးကပ် ထိုင်ကြည့်
နေသည့် tae က တဖြေးဖြေးချင်း jiji ရဲ့
မျက်နှာနားကို တိုးကပ်သွားပါသည် ။
ထိုမြင်ကွင်းကြောင့် mr.min ထိုင်နေရာမှ
ချက်ချင်း ငေါက်ခနဲ ထထိုင်လိုက်မိသည် ။

ဒီကောင် ဘာတွေကြံစည်နေတာလဲ ! . . . ။
ကလေးကို ဘာလုပ်မလို့လဲ ! . . . ။
ဘာလို့ ကလေးမျက်နှာနားကို တိုးသွားတာလဲ ။
ဒီကောင် ဘာလုပ်နေတာလဲ ! . . ။
ကလေး ! . . မြန်မြန်ထစမ်းပါ ! . . ။
အိပ်မနေနဲ့ ! . . ။

" ဒီ လူယုတ်မာကောင် ငါ့ကလေးကို ဘာတွေ
ကြံစည်နေတာလဲ ! . . "

mr.min လည်း ရင်တွေ ပေါက်ကွဲထွက်လာပြီး ချက်ချင်းပဲ အခန်းထဲမှ ထွက်သွားဖို့  စားပွဲပေါ်က ကားသော့ကို လှန်းယူလိုက်ပါသည် ။
ပြီးတော့ tv ကို တစ်ချက်ပြန်ကြည့်လိုက်သည့်အချိန် tae က jiji မျက်နှာနား မတိုးတော့ဘဲ နောက်ဆုတ်ကာ ပြန်ခွာလိုက်ပါသည် ။
ပြီးတော့ ထိုင်နေရာမှထကာ အခန်းထဲက
ထွက်သွားလေသည် ။
tae အခန်းထဲက ထွက်သွားတော့ mr.min လည်း ရင်ပူနေတာတွေ အနည်းငယ် ပြေလျော့ပြီး ဆိုဖာပေါ်သို့ ပစ်ထိုင်ချလိုက်သည် ။

ကလေးကြောင့်ချစ်တတ်ပြီ(completed)Where stories live. Discover now