" နင် mr.min နဲ့ နီးနီးကပ်ကပ် ပတ်သက်နေတာလား jiji . . "
မမ holy ရဲ့ အမေးကို ချက်ချင်းမဖြေနိုင်ဘဲ
mr.min ကို တစ်ချက် ကြည့်လိုက်မိသည်။
mr.min ကတော့ ဘာမှမသိသလို အရွက်တွေ
သာ ဆက်ကြော်နေသည်။
Jiji လည်း မမကို ဖုံးကွယ်ထားစရာအကြောင်း မရှိတာကြောင့် အမှန်အတိုင်း ပြောဖို့ ဆုံးဖြတ်ရင်း mr.min ကို
ခဏနော်ဟု အသံတိတ်ပြောရင်း အနားမှ
အမြန် ထွက်လာခဲ့သည်။
mr.min ကတော့ ချစ်သူလေး စားဖို့
အစွမ်းကုန် ကြော်လှော်ရင်း ကျန်နေခဲ့သည်။" ဟဲ့ jiji . . ငါမေးနေတာ ဖြေလေ "
Jiji အခန်းဝရန်တာဘက်ကို ထွက်လာတဲ့
အချိန်မှာပဲ မမဆီက စိတ်လောနေသလို ၊
စိတ်မရှည်သလို လေသံနှင့် မေးလိုက်သည့်
အသံကို ထပ်ကြားရတော့ jiji လည်း
သက်ပြင်းချရင်း မမကို တည်ငြိမ်တဲ့လေသံနဲ့သာ ပြောလိုက်သည်။" အင်း ဟုတ်တယ် . . . "
" ဘာ !! . . "
မမရဲ့ အသံက jiji နားထဲကို ဆောင့်အောင့်ပြီး ဝင်လာတာကြောင့် jiji မျက်လုံးမှိတ်ရင်း
ဖုန်းကို နားနားမှ အမြန်ခွာလိုက်သည်။
သိပါတယ် . . မမ ဒေါသထွက်သွားမှာ သိပ်သိတာပေါ့ . . ။
အရမ်း လန့်သွားမယ်ဆိုတာလည်းသိတယ် . . ။ ဒါပေမယ့် ဘယ်တတ်နိုင်မလဲ ။
Jiji က mr.min ကို ချစ်တာကိုး . . . ။
Jiji ကို mr.min နဲ့ မပက်သက်ဖို့တော့ လုံးဝ
မပြောပါနဲ့ မမ . . ။" နင် ရူးနေလား park jiji ! နင်က ဘာလို့ သူနဲ့ ပက်သက်နေရတာလဲ ! နင့်ကို ငါ
အစကတည်းကပြောတယ် ၊ MBT မှာ မနေပါနဲ့.. သူတို့နဲ့ လုံးဝ မပက်သက်ပါနဲ့ဆိုတာကို နင်က အခု mr.min နဲ့တောင် ပတ်သက်နေသေးတယ်ပေါ့ ! . . နင် ငါ့စကားကို တော်တော်နားထောင်တာပဲ ၊ နင့်ကိုယ်နင် ဘာထင်နေလဲ park jiji!! . . နင် mr.min နဲ့ လုံးဝ မပက်သက်ရဘူး ! . . "မမဆီက park jiji ဆိုတဲ့ အသုံးအနှုန်းနဲ့
အပြောမခံရတာတောင် တော်တော်ကြာနေပါ
ပေါ့လား . . ။
မမက jiji ကို စိတ်ဆိုးတာ ၊
ဒေါသထွက်တာမျိုးမှ park jiji လို့
ခေါ်တတ်တာပါ ။
ကျန်တဲ့ အချိန်တွေဆို
Jiji လို့ပဲပေါ်ပြီး ချစ်နေလိုက်တာလေ . . ။
ဒါပေမယ့် တောင်းပန်ပါတယ် မမရယ် . . ။
Jiji မမစကားကို ဒီတခါတော့ နားမထောင်
ပါရစေနဲ့ ။
ဒီစကားကို ပြောရမှာ အနည်းငယ်
ကြောက်သော်လည်း လူချင်းမျက်နှာချင်းဆိုင်မတွေ့ဘဲ ဖုန်းထဲမှာမို့ ကြောက်စိတ် အနည်းငယ် လျော့နေပါသည်။