" အခု . . ဘာတွေပြောနေကြတာလဲ . . mr.min က ဘာဖြစ်လို့လဲ . . "
" jiji ! အဲ့ဒါကလေ . . "
" မမကို ယောက်ျားတစ်ယောက်နဲ့ အတူအိပ်ခိုင်းခဲ့တာ mr.min တဲ့လား . . . "
" ခဏလိုက်လာခဲ့ဦး . . "
မကြားစေချင်တာကိုမှ ကြားဖြစ်အောင် ကြားသွားသည့် jiji ကြောင့် holy အခက်တွေ့
သွားရင်း jack ကို တစ်ချက်ကြည့်ပြီး
Jiji လက်ကို ဆွဲကာ ဧည့်ခန်းထဲသို့
ခေါ်လာလိုက်သည် ။
jack ကလည်း အခန်းထဲမှာ ကျန်နေခဲ့ရင်း
သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ပါသည် ။ဧည့်ခန်းထဲရောက်တော့ jiji က holy ရဲ့
လက်ကို ခါထုတ်လိုက်ရင်း သေချာစိုက်ကြည့်ပြီး" အကို jack ပြောတာ အမှန်တွေပဲလား မမ . . mr.min က အဲ့လိုလုပ်ခဲ့တာလား ၊ jiji ကို မမအရင်ကပြောတာ mr.bang လုပ်ခဲ့တာဆို .. အခုကျမှ ဘာလို့ mr.min က ပါလာရတာလဲ ဟမ် . . ပြောပါ မမ . . "
" jiji . . အရင်ဆုံး စိတ်အေးအေးထားပါ . .
jack ပြောတာတွေကို စိတ်ထဲမထားပါနဲ့ . .
မမ ရှင်းပြပါ့မယ် . . "" ဟင့်အင်း . . ဘာမှ ရှင်းပြစရာမလိုပါဘူး ၊
Jiji အားလုံးကြားပါတယ် . . တကယ့်က်ို
မယုံနိုင်စရာပါပဲ . . မမရဲ့ ဘဝကို ငွေနဲ့ အလဲ
အထပ်လုပ်ခဲ့တဲ့လူက . . mr.min ဆိုတာ
အမှန်ပဲပေါ့နော် . . ဒါနဲ့များ . . ဒါနဲ့များ ဘာလို့ သူ့ကို jiji နဲ့ လက်ထပ်ဖို့သဘောတူခဲ့ရတာလဲ . .
Jiji အစကတည်းက ထူးဆန်းပါတယ်လို့
ထင်နေခဲ့တာ ၊ လုံးဝ သဘောမတူဘူးလို့
တစ်ချိန်လုံး ငြင်းနေခဲ့တဲ့ မမက ၊ ရုတ်တရက်
သဘောတူကြည်ဖြူပြီး လက်ခံပေးခဲ့တာ . .
ဘာကြောင့်လဲလို့ သေချာမမေးမိတာ jiji ရဲ့
အမှားပဲ . . Jiji က mr.min ကို အရမ်း
ချစ်နေတာကြောင့် ၊ jiji ခံစားရမှာ စိုးရိမ်တာ
ကြောင့် . . ဘာမှမပြောဘဲ ဖုံးကွယ်ခဲ့တာလား
ဘာလို့လဲ . . ဘာလို့ အစထဲက မပြောခဲ့တာလဲ
မမသာ ဒီအကြောင်းတွေကို စောစောစီးစီး
ပြောပြပြီး တားခဲ့ရင် ဒီအခြေအနေထိ ဖြစ်လာမှာမဟုတ်ဘူး.. အခုတော့..အဟင့် . .
ဟင့် . . . . "Jiji က သူတစ်ယောက်ထဲ မေးခွန်းတွေမေး၊
သူတစ်ယောက်ထဲ အဖြေတွေ ပြန်ဖြေရင်း
ကြမ်းပြင်ပေါ် ဒူးထောက်ထိုင်ချကာ
ဝမ်းနည်းပက်လက် ငိုကြွေးနေတော့သည် ။
holy ကလည်း စိတ်မကောင်းဖြစ်စွာကြည့်ရင်း jiji နဲ့အတူ ထိုင်ချကာ jiji ရဲ့ ပုခုံးကို
အားပေးသလို ဆုပ်ကိုင်ရင်း