ခေါင်းအုံးဘေးမှာ ချထားသည့် ဖုန်းမှ vibration သံ ထွက်ပေါ်လာတာကြောင့် jiji
အိပ်ချင်မူးတူးနှင့်ပင် ဖုန်းကိုလှမ်းယူလိုက်သည်။
Jiji က ပုံဆွဲတာဖြစ်ဖြစ်၊ စက်ချုပ်တာဖြစ်ဖြစ်၊ တစ်စုံတစ်ခုကို အာရုံစိုက်နေသည့် အချိန်မျိုးမှာဖုန်းက သီချင်းသံကို ရုတ်တရက်ကြားလိုက်ရင် အမှတ်တမဲ့ လန့်ပြီး ရင်တုန်တာမျိုးဖြစ်ကာ လုပ်လက်စအရာတွေကို အာရုံဆက်မစိုက်နိုင်တာမျိုး ဖြစ်တတ်တာကြောင့် ဖုန်းကို တုန်ခါအောင်ပဲ အမြဲလုပ်ထားတတ်သည်။
အခုလည်း အိပ်မောကျနေသည့် အချိန်မှာ
ဖုန်းသီချင်းသံကို ကြားလိုက်လျင် လန့်ပြီး
ရင်တုန်ကာ ပြန်မအိပ်နိုင် ဖြစ်လောက်သည်။
တော်သေးတာပေါ့ ။
vibration ပဲ လုပ်ထားလို့။
Jiji က အအိပ်ဆက်သည့်သူမို့ ဘယ်လောက်
တိုးသည့်အသံဖြစ်ပါစေ အမြဲနိုးတတ်ပါသည်။
Jiji ဖုန်းကို ယူကြည့်လိုက်တော့
' doctor kim taehyung ' ဟူသည့်
contact ကိုတွေ့တော့ မနက်အစောကြီး
ဘာလို့ ဖုန်းဆက်တာလဲဟု တွေးရင်း ဖုန်းဖြေ
လိုက်ရသည်။
" အင်း ... ဘာလဲ ... "
" jiji နင်နိုးပြီလား ... "
" အင်း .. ခုပဲနိုးတာ .. "
" ငါ နင့်ကို မနေ့ထဲက ဖုန်းဆက်မလို့ပဲ ဒါပေမဲ့
ဂျူတီချိန်တွေ ဆက်နေလို့ .. နင့်ဆီဖုန်းဆက်ဖို့ အချိန်မရတာနဲ့ မဆက်ဖြစ်တာ ... အခုမှ အားတာနဲ့ နင့်ဆီ ဖုန်းလှမ်းဆက်ရတာ "
" အင်း .. ဘာပြောမို့လဲ .. "
" နင် အခုမှ နိုးတာမှတ်လား "
" ဟုတ်တယ်လေ ... ဘာပြောမို့လဲ ပြော "
အိပ်ချင်နေပါတယ်ဆိုမှ စကားမြန်မြန်မပြောဘဲအရစ်ရှည်နေသည့် tae ကို jiji စိတ်တောင်
နည်းနည်းတိုလာမိသည်။ ဒီအချိန် သူများတွေအိပ်နေမယ့် အချိန်ဆိုတာ မသိတာလဲမဟုတ်။
Jiji နားထောင်နေရင်း တဘက်မှ tae ရဲ့
သက်ပြင်းချသံ တိုးတိုးကို ကြားလိုက်ရသည်။
" နင် မနေ့က လှေကားတွေ တက်ရတာ ...
ခြေထောက်မညောင်းဘူးလား.. "
ဟင် ... သြော် သူ မနေ့က jiji ပြိုင်ပွဲစတူဒီရို
ဆီကို ဓာတ်လှေကားက မတက်ဘဲ လှေကားကတက်ခဲ့တာကို သိလိုက်လို့ထင်တယ်။ သူက jiji ဓာတ်လှေကား မစီးရဲတာကို သိတဲ့
ဒုတိယမြောက်လူလေ။
ပထမလူကတော့ မမ holy ပေါ့ ။
