အပိုင်း ( ၅ )

247 34 9
                                        

" ခဏနေပါဦး .. မင်း .. မင်း jung holy ..? "

" ကျွန်မကို မှတ်မိပေးတာ ဝမ်းသာပါတယ် mr.bang ... "

လုံးဝ ပြန်မတွေ့ရတော့ဘူးလို့ ထင်ထားသည့်
jung holy ကို တွေ့မယ့်တွေ့ ပြန်တော့လည်း
ကိုရီးယားနိုင်ငံနှင့်ဝေးသည့် နယူးဇီလန်နိုင်ငံမှာ
တိုက်တိုက်ဆိုင်ဆိုင် လာတွေ့နေပါလား ။
jung holy ကိုကြည့်ရတာတော့ အရင်လိုပဲ
ဘာမှပြောင်းလဲသွားခြင်းမရှိ။

" မင်း ဒီကို ဘာလာလုပ်တာလဲ .. "

" ဘာလာလုပ်တယ်လို့ ထင်လဲ ..  "

" မဟုတ်မှလွဲရော .. ငါ့ကိုလာတွေ့တာလား .. "

" သိပ်တော်တယ် mr.bang ... "

_ _ _

ပန်းခြံပုံစံမျိုး နံရံတိုင်းမှာ ပန်းပင်တွေ တွယ်ချိတ်
ထားသည့် ကော်ဖီဆိုင်၏ အမှောင်ကျသည့်
ထောင့်တစ်နေရာတွင် mr.bang နှင့် holy တို့
မျက်နှာချင်းဆိုင်ထိုင်နေပြီး အသံတိတ်နေကြ
သည်ကို ပထမဆုံး စကားစပြောသူကတော့
mr.bang ပါ ။

" မင်း ဒီကို ဘယ်အချိန်ထဲက ရောက်နေတာလဲ
holy ... "

" လွန်ခဲ့တဲ့ ၇ နှစ်လောက်ထဲကပါ ... "

" ဒီလိုနိုင်ငံမှာ အကြာကြီးနေနေတာ ဘာလို့လဲ
မင်း အလုပ်ကိစ္စကြောင့်လား ... "

အံ့သြပြီး မျက်မှောင်ကျုံ့ကာ မေးလိုက်သည့်
mr.bang ကို holy ချက်ချင်း ပြန်မပြောဘဲ
စိုက်ကြည့်နေသည်။

" ကျွန်မ ခင်ပွန်းနဲ့အတူ နေနေတာပါ အလုပ်
ကိစ္စကြောင့် မဟုတ်ပါဘူး ... "

" ဘာ ! .. မင်း အိမ်ထောင်ကျသွားပြီလား ! .. "

" ဘာများထူးဆန်းလို့လဲ ... အရွယ်ရောက်ပြီးတဲ့
မိန်းမတစ်ယောက်က အိမ်ထောင်ကျတာပဲဟာ
အဲ့လောက်ထိ အံ့သြစရာ မလိုဘူးထင်ပါတယ် "

holy ရဲ့  ခပ်အေးအေး အမူအယာကြောင့်
mr.bang က ခေါင်းတဆက်ဆက်ငြိမ့်ပြီး
black coffe ကို ဇွန်းလေးနဲ့ မွှေနေလေသည်။

" အေးလေ .. မင်းက နာမည်ကြီး မင်းသမီး
တစ်ယောက် မဟုတ်တော့ဘူးဆိုတော့လည်း
မင်း ဘယ်နေရာမှာ ဘာတွေလုပ်တယ်ဆိုတာ
ဘယ်သိနိုင်မလဲ .. "

ကလေးကြောင့်ချစ်တတ်ပြီ(completed)Where stories live. Discover now